မန္တလေးတိုင်း လွှတ်တော်ရုံး နှင့် ရပ်ကွက်ရုံးတို့တွင် ပေါက်ကွဲမှုများ ဖြစ်ပွားပြီး စစ်ကောင်စီလက်အောက်ခံ အရာရှိတစ်ဦး အပါအဝင် (၃)ဦး ဒဏ်ရာရ

မန္တလေးတိုင်း လွှတ်တော်ရုံး နှင့် ရပ်ကွက်ရုံးတို့တွင် ပေါက်ကွဲမှုများ ဖြစ်ပွားပြီး စစ်ကောင်စီလက်အောက်ခံ အရာရှိတစ်ဦး အပါအဝင် (၃)ဦး ဒဏ်ရာရ
ဇန်နဝါရီ 8, 2022 | အခြားဒေသများ

မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံး နှင့် ရပ်ကွက်ရုံး ယနေ့ ဇန်နဝါရီလ(၈)ရက်နေ့ နံနက်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် မန္တလေးမြိုတွင်း နေရာပေါင်း (၇)နေရာတွင် နေ့လည်ပိုင်းအထိ အစစ်အဆေး တင်းကြပ်နေကြောင်း သိရသည်။

ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံး ရဲကင်းခေါင်မိုးပေါ်တွင် ဗုံးတစ်လုံးပေါက်ပြီး အဆောက်အဦးမျက်နှာကျက် ပျက်စီးသွားကြောင်း နှင့် အချိန်ပိုင်းအတွင်းမှာပင် နောက်ထပ် ဗုံးတစ်လုံးထပ်မံ ပေါက်ကွဲခဲ့၍ အရာရှိတစ်ဦး အပါအဝင် (၃)ဦး ဒဏ်ရာရခဲ့ကြောင်းသိရသည်။

 ယနေ့နံနက် (၈)နာရီဝန်းကျင်ကလည်း အောင်မြေသာစံမြို့နယ်၊အောင်မြေသာစံရပ်ကွက်ရုံး ဗုံးပေါက်ကွဲပြီး အဆောက်အဦး ပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။

ယနေ့ နံနက်မှ နေ့လည်ခင်းအထိ မန္တလေးမြို့ပေါ် ရပ်ကွက်များ နှင့် နေရာပေါင်း (၇)နေရာဖြစ်သည့် ၄၁×၅၄.၅၅  လမ်းကြား၊  ၁၉×၈၆.၈၇ လမ်းကြား၊ ၁၃×၈၁ လမ်း၊  မြို့ဟောင်းဈေး ထ - (၇) ကျောင်းအနီး၊ ဘုရားကြီးတောင်မုဒ် ၈၂၊ ၆၅x၃၀ နှင့် ၃၇x၈၂.၈၃ စသည့်နေရာများတွင် နေ့လည်ပိုင်းအထိ အာဏာသိမ်းစစ်ကောင်စီတပ်များ စစ်ဆေးနေပြီး လမ်းမကြီးပေါ်တွင်လည်း ယာဥ်ထိန်းရဲနှင့် စစ်ကောင်စီတပ်များ ပူးတွဲ စစ်ဆေးနေကြောင်း သိရသည်။