ကရင်ပြည်နယ်အတွင်း ဝင်းရေးမြို့တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များကို ပူးပေါင်း တိုက်ခိုက် 

ကရင်ပြည်နယ်အတွင်း ဝင်းရေးမြို့တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များကို ပူးပေါင်း တိုက်ခိုက် 

 ကရင်ပြည်နယ်အတွင်း ဝင်းရေးမြို့ ပုလိန်ကျေးရွာနှင့် ခလယ်ကျေးရွာကြား မီးသွေးကုန်းဝန်းကျင်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်များ ၂၀၂၃ခုနှစ် ဇူလိုင်လ (၁၄)ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်၏ စကခ(၁၃-ဘုတ်ပြင်း)၊ တပ်မ(၂၂)၊ခမရ(၂၀၉) ၊ ခမရ(၂၁၀)တပ်များ နှင့်  Lion Battalion Commando - ဗျူဟာစစ်ကြောင်း၊ KNLA အမှတ်(၁၆)တပ်ရင်း တောင်ညိုစစ်ကြောင်း၊ နဂါးနီစစ်ကြောင်းတို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ စစ်ကောင်စီတပ်သည် အရပ်သား ခရီးသွားကား တစ်စီးအားဖမ်းဆီးကာ အမျိုးသားနှစ်ဦးအား ပစ်ခတ်သတ်ဖြတ်ခဲ့ပြီးနောက်  တော်လှန်းရေးပူပေါင်းတပ်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ (၅)ဦးသေပြီး ပြန်လည် ဆုတ်ခွါသွားသည်ဟု Lion Battalion Commando - ဗျူဟာစစ်ကြောင်းက ဇူလိုင်လ(၁၅)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ထို့နောက် စစ်ကောင်စီတပ်များသည် ငြိမ်းချမ်းမြိုင်ဘုရားကုန်းမှနေ၍ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး နေအိမ်များ ထိခိုက်ပျက်စီးခဲ့သည်ဟု သိရသည်။

တိုက်ပွဲအတွင်း ပူပေါင်းတပ်ဖွဲ့မှ ရဲဘော် (၅)ဦးလည်း ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။