စစ်ကောင်စီတပ် နှင့် PNO ပြည်သူ့စစ် ပူးပေါင်းအဖွဲ့တို့၏ လက်နက်ကြီးဖြင့် အကြောင်းမဲ့ ပစ်ခတ်မှုကြောင့် ကလေးငယ်(၁)ဦး သေဆုံးပြီး (၄)ဦး ဒဏ်ရာရ

လက်နက်ကြီး အစ
လက်နက်ကြီး အစ
စစ်ကောင်စီတပ် နှင့် PNO ပြည်သူ့စစ် ပူးပေါင်းအဖွဲ့တို့၏ လက်နက်ကြီးဖြင့် အကြောင်းမဲ့ ပစ်ခတ်မှုကြောင့် ကလေးငယ်(၁)ဦး သေဆုံးပြီး (၄)ဦး ဒဏ်ရာရ

 ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ပင်လောင်းမြို့နယ် ပင်စုံကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အာဏာသိမ်း စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေးငယ်(၁)ဦး သေဆုံးပြီး ဒေသခံ (၄)ဦး ဒဏ်ရာရရှိသွားကြောင်း PNLA ၏ ဧပြီလ(၁၂)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။ 

စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ်အဖွဲ့တို့သည် ပင်စုံကျေးရွာအတွင်းသို့  ၂၀၂၄ခုနှစ် ဧပြီလ(၁၀)ရက်နေ့က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အသက်(၄)နှစ်အရွယ် ကလေးငယ်တစ်ဦးဖြစ်သူ မောင်ခွန်ငြိမ်းချမ်းမှာ လက်နက်ကြီးထိမှန်က သေဆုံးသွားကြောင်း သိရသည်။

၎င်းအပြင် ပင်စုံကျေးရွာတွင်မှာ ဒေသခံ (၄)ဦး လက်နက်ကြီးထိက ဒဏ်ရာရရှိရာတွင် (၂)ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။

စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ် ပူးပေါင်းအဖွဲ့တို့သည် ဧပြီလ(၁၁)ရက်နေ့ကလည်း ပင်စုံကျေးရွာသို့ လက်နက်ကြီးဖြင့် အကြိမ် (၂၀)နီးပါး ပစ်ခတ်မှုများ လုပ်ဆောင်သည့်အတွက် နေအိမ်အများအပြား ထိခိုက် ပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။