ကလေးမြို့ရှိ ဒေသကွပ်ကဲရေးမှူးစစ်ဌာနချုပ်အပါအဝင် စစ်ကောင်စီအထိုင်စခန်းများအား ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်

ကလေးမြို့ရှိ ဒေသကွပ်ကဲရေးမှူးစစ်ဌာနချုပ်အပါအဝင် စစ်ကောင်စီအထိုင်စခန်းများအား ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်

စစ်ကိုင်းတိုင်း ကလေးမြို့ရှိ ဒေသကွပ်ကဲရေးမှူးစစ်ဌာနချုပ်အပါအဝင် စစ်ကောင်စီအထိုင်စခန်းများအား Shar Htoo Waw Drone နည်းပညာ Fixed Wing Drone များအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း Wings of Kalay အဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။

၂၀၂၄ခုနှစ်၊ မေလ(၆) ရက်နေ့ နံနက်ပိုင်းမှစတင်၍ ကလေးမြို့အတွင်းရှိ ဒေသကွပ်ကဲရေးမှူးစစ်ဌာနချုပ် ကလေး(ရုံး)သို့ ဗုံးသီး (၂)လုံး၊ စစ်ကောင်စီ၏ ထောက်ပို့ယာဉ် ဆင်းနေချိန်အတွင်း ကလေးမြို့ လေယာဉ်ကွင်းအတွင်းသို့ ဗုံးသီး (၄)လုံး ၊ စစ်ကောင်စီ၏ ထောက်ပို့တပ် (ထပရ-၉၃၄)အား ဗုံးသီး (၃)လုံး စုစုပေါင်း ဗုံးသီး (၉)လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ ထိခိုက်ဒဏ်ရာရရှိမှုနှင့် နေရာပျက်စီးဆုံးရှုံးမှုများရှိခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဘက်မှ လေယာဉ်ငယ်တစ်စီး ဆုံးရှုံးခဲ့သော်လည်း ဘေးကင်းစွာဖြင့် အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၂၄ခုနှစ်၊ မေလ(၂)ရက်နေ့တွင်လည်း ကလေးမြို့နယ်တောင်ပိုင်း ကြံသာရွာရှိ စစ်ကောင်စီ၏ အထိုင်တပ်စခန်းအား ဗုံးသီး(၂)လုံး၊ ကြံသာရွာရှိ အထိုင်စခန်းမှ အောင်မင်္ဂလာရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကြောင်းအား ဗုံးသီး (၄)လုံး စုစုပေါင်း ဗုံးသီး (၆)လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်းသိရသည်။

တိုက်ခိုက်မှုများကို ကလေးခရိုင်ပြည်သူ့ကာကွယ်ရေး Drone တပ်ဖွဲ့ (Wings of Kalay Drone Team)နှင့်အတူ Kalay Revolution Force(KRF) ကလေးဒေသတော်လှန်ရေးတပ်၊ မြို့ပြစီမံချက် UG အဖွဲ့၊ ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့မှ ပူးပေါင်း၍ ပြုလုပ်ခဲ့ကြောင်းသိရသည်။

#TachileikNewsAgency