ခမရ(၃၀၄)မှ ဒုတပ်ကြပ်တစ်ဦး CDF မတူပီထံ လက်နက်အပြည့်အစုံဖြင့် အလင်းဝင်

Photo: CDF Matupi 
Photo: CDF Matupi 
ခမရ(၃၀၄)မှ ဒုတပ်ကြပ်တစ်ဦး CDF မတူပီထံ လက်နက်အပြည့်အစုံဖြင့် အလင်းဝင်
ဖေဖော်ဝါရီ 6, 2022 | အခြားဒေသများ

ချင်းပြည်နယ်၊ မတူပီမြို့နယ်အတွင်း နယ်မြေခံတပ်ဖြစ်သည့် အမှတ်(၃၀၄)ခြေမြန်တပ်ရင်းမှ ဒုတပ်ကြပ် ဆန်းလင်းထွေးသည် ဖေဖော်ဝါရီလ(၃)ရက်နေ့က လက်နက်အပြည့်အစုံဖြင့် အလင်းဝင်လာကြောင်း CDF-Matupi က ယနေ့ဖေဖော်ဝါရီလ(၆)ရက်တွင် သတင်းထုတ်ပြန်ထားရှိသည်။ 

 အလင်းဝင်လာသည့် ဒုတပ်ကြပ် ဆန်းလင်းထွေး(တ-၁၂၇၈၈)သည်  စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်လိုခြင်း မရှိသောကြောင့် CDF Matupi တပ်ရင်း(၄)ထံ လက်နက်အပြည့်အစုံဖြင့် အလင်းဝင်လာခြင်း ဖြစ်သည်ဟု သိရသည်။

၎င်းကို လွတ်မြောက်နယ်မြေသို့ ဘေးကင်းစွာ ပို့ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်း  CDF-Matupi က ထုတ်ပြန်ထားသည်။