ကော်ဘရာစစ်ကြောင်းက ပုခုံးထမ်းလေယာဉ်ပစ် လက်နက်များကို ဖော်ပြလာ

ကော်ဘရာစစ်ကြောင်းက ပုခုံးထမ်းလေယာဉ်ပစ် လက်နက်များကို ဖော်ပြလာ

ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ရှိ ကော်ဘရာစစ်ကြောင်းက လေယာဉ်ပစ် ပုခုံးထမ်းလက်နက်များကို ထုတ်ဖော်ပြသလာသည်။

ကော်ဘရာတပ်ဖွဲ့၏ ယနေ့ ၂၀၂၄ ခုနှစ် မတ်လ(၁၂)ရက်နေ့ နံနက်ပိုင်းက ထုတ်ပြန်လာသည့်ပုံတွင် လေယာဥ်ပစ် ပုခုံးထမ်း(၂)လက်ကို တွေ့ရသည်။

လက်နက်အမျိုးအစားမှာ ပုခုံးထမ်းလေယာဉ်ပစ် MANPADS ဖြစ်နိုင်ကာ အပူနောက်လိုက်ဖြင့် ပစ်ခတ်နိုင်ပြီး ဆိုဗီယက်ရုရှားထုတ် 9K32 Strela-2 (NATO အခေါ် SA-7 Grail) သို့မဟုတ် Streal-2ကို တရုတ်က reverse Engineering လုပ်ပြီး ပြန်ထုတ်ထားတဲ့ HN-5 ဖြစ်နိုင်သည်ဟု လက်နက်အမျိုးအစားများကို သုံးသပ်သည့် Tactical Raptor 2.0 ပေ့ချ်က ဖော်ပြထားသည်ကို တွေ့ရသည်။

#TachileikNewsAgency

Photo: Cobra Column - တပ်ခွဲ ၁