စစ်ကောင်စီတပ်များ အစည်းအဝေးလုပ်နေသည့် ကော့ကရိတ်မြို့နယ်ခန်းမကို လက်နက်ကြီးနှင့်ပစ်ခတ်

စစ်ကောင်စီတပ်များ အစည်းအဝေးလုပ်နေသည့် ကော့ကရိတ်မြို့နယ်ခန်းမကို လက်နက်ကြီးနှင့်ပစ်ခတ်

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ခန်းမတွင် ယမန်နေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ (၂၈)ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့များ အစည်းအဝေးပြုလုပ်နေစဉ် တော်လှန်ရေးတပ်များက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ 

အဆိုပါစစ်ကောင်စီတပ်များ အစည်းအဝေးပြုလုပ်နေသည့်နေရာကို အာရှလမ်းမကြီးအနီးမှ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး အစည်းအဝေးကျင်းပရာနေရာသို့ ထိမှန်ခဲ့ကာ အစည်းအဝေးလည်း ပိတ်သိမ်းလိုက်ရကြောင်း Daw Na Column-တောင်ပိုင်းစစ်ဒေသက ယနေ့ ဩဂုတ်လ (၂၉)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

၎င်းစစ်ဆင်ရေးအား တောင်ပိုင်းစစ်ဒေသ ဒု-စစ်ဒေသမှူး (၂)၏ ကွပ်ကဲမှုအရ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဒေါနစစ်ကြောင်း၏ လက်နက်ကြီးတပ်စု၊ ချေမှုန်းရေး၊ Droneနှင့် ဖောက်ခွဲ‌ရေး တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအင်အား (၂၀)ကျော်က ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

ရုပ်သံ Video File ကြည့်ရှုရန် : https://t.me/TachileikNewsAgency/42423