ကိုရီး‌ယားရောက်မြန်မာများကို အခွန် ၂ ရာခိုင်နှုန်း ဖြတ်တောက်တော့မည်ဟု စစ်ကောင်စီထုတ်ပြန်

ကိုရီး‌ယားရောက်မြန်မာများကို အခွန် ၂ ရာခိုင်နှုန်း ဖြတ်တောက်တော့မည်ဟု စစ်ကောင်စီထုတ်ပြန်

ကိုးရီးယားနိုင်ငံရောက် မြန်မာအလုပ်သမားများ၏ လစာဝင်ငွေမှ (၂)ရာခိုင်နှုန်းအား စစ်ကောင်စီက ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၁၁)ရက်နေ့ကစတင်ကာ ဖြတ်တောက်တော့မည်ဖြစ်ကြောင်း စစ်ကောင်စီ၏ ဆိုးလ်သံရုံးက ယနေ့ ဒီဇင်ဘာလ (၈)ရက်နေ့တွင် ထုတ်ပြန်လာသည်။

ကိုရီးယားသမ္မတနိုင်ငံ၌ ရောက်ရှိနေထိုင်အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများအနက် Passport Type (PJ)နှင့် (PB)ကိုင်ဆောင်ထားသူများအနေဖြင့် ဒီဇင်ဘာလ (၁၁)ရက်နေ့မှစ၍ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးရန် မြန်မာသံရုံးသို့ လာရောက်ရာတွင် ထမ်းဆောင်လိုသည့်ကာလများအတွက် ဝင်ငွေခွန်များကို တစ်ပါတည်း ထမ်းဆောင်ရမည်ဖြစ်ကြောင်းနှင့် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးမြှင့်ပြီးသည့်သူများအနေဖြင့်လည်း ထမ်းဆောင်လိုသည့်ကာလများအတွက် စတင်ထမ်းဆောင်နိုင်ပြီဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် ၂၀၂၃ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကို ပြင်ဆင်ပြီး ပြည်ပ၌အလုပ်လုပ်ကိုင်နေ

သည့် မြန်မာနိုင်ငံသားများအား  နိုင်ငံခြားငွေဖြင့်ရရှိသည့် လစာဝင်ငွေအပေါ် အခွန်ကောက်မည်ဖြစ်ကြောင်း ‌ပြီးခဲ့သည့် အောက်တိုဘာလ (၁)ရက်နေ့က ကြေညာခဲ့ခြင်းဖြစ်သည်။

#TachileikNewsAgency