မန္တလေးမြို့တွင်း ၆၂ လမ်း အဆင့်မြင့်ရဲစခန်းအား ၄၀ မမ ဗုံးသီးဖြင့် ပစ်ခတ်တိုက်ခိုက်

မန္တလေးမြို့တွင်း ၆၂ လမ်း အဆင့်မြင့်ရဲစခန်းအား ၄၀ မမ ဗုံးသီးဖြင့် ပစ်ခတ်တိုက်ခိုက်

မန္တလေးတိုင်း မန္တလေးမြို့တွင်း ၆၂ လမ်းရှိ အဆင့်မြင့်ရဲစခန်းကို ၂၀၂၄ခုနှစ် ဧပြီလ ၁၁ ရက်နေ့ မနက် ၅နာရီတွင် ၄၀ မမဗုံးသီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မန်းခရိုင် တပ်ရင်း (၆) Nation’s Defense Army(NDA-MDY)က ထုတ်ပြန်သည်။

NDA (MDY) တပ်ရင်း၏ မဟာမိတ်ဖြစ်သည့် CDSOM၏ ထောက်ပံကူညီမှုဖြင့် ပတ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ ထိခိုက်မှုများရှိခဲ့ပြီး အသေးစိတ်ကို ဆက်လက်စုံစမ်းနေကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို CDSOM (မြောင်)၊ MMDF၊ အမရပူရ ပကဖတို့မှ ပါဝင်ကူညီခဲ့ပြီး ရဲဘော်များ လုံခြုံရာတပ်စခန်းသို့ ဘေးကင်းစွာ ပြန်လည်ရောက်ရှိခဲ့ပြီဖြစ်ကြောင်း ထုတ်ပြန်ချက်တွက် ဖော်ပြထားသည်။

#TachileikNewsAgency