စစ်ကောင်စီတပ်သားတစ်ဦး ရေစကြိုပကဖထံ လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်

စစ်ကောင်စီတပ်သားတစ်ဦး ရေစကြိုပကဖထံ လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်

မကွေးတိုင်း ရေစကြိုမြို့ပေါ်တွင် တာဝန်ကျနေသည့် စစ်ကောင်စီတပ်သား စိုင်းခမ်းလီဆိုသူသည် လက်နက်ခဲယမ်းများနှင့်အတူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ်(ပ.က.ဖ)ထံသို့ ဆက်သွယ်ကာ   ၂၀၂၄ ခုနှစ် ဧပြီလ(၅)ရက်နေ့က အလင်းဝင်လာကြောင်း သိရသည်။

ခလရ(၂၅၂)မှ တပ်သား စိုင်းခမ်းလီသည် MA-1 တစ်လက်၊ ကျည်ဘောက်(၄)ခု၊ အီနာဂါတစ်လုံး၊ ကျည်(၁၃၀) တောင့်နှင့်အတူ အလင်းဝင် ရောက်လာခြင်းဖြစ်၍ ၎င်းအား ဆုငွေ ကျပ် သိန်း(၅၀)ချီးမြှင့်လိုက်ပြီး လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ်(ပ.က.ဖ)က ယနေ့ဧပြီလ (၆)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ကျန်ရှိနေသော စစ်ကောင်စီတပ်သားများလည်း အမြန်ဆုံးချိတ်ဆက်အလင်းဝင်ရောက်ကြရန်လည်း ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ်(ပ.က.ဖ)က ဖိတ်ခေါ်ထားသည်။