ပြင်ဦးလွင်မှ နောင်ချိုကိုစစ်ကူတက်လာသည့် စစ်ကောင်စီယာဉ်တန်းအား PDFမန္တလေးတိုက်ခိုက်ရာ သံချပ်ကာကားတစ်စီး ပျက်စီးပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိ

ပြင်ဦးလွင်မှ နောင်ချိုကိုစစ်ကူတက်လာသည့် စစ်ကောင်စီယာဉ်တန်းအား PDFမန္တလေးတိုက်ခိုက်ရာ သံချပ်ကာကားတစ်စီး ပျက်စီးပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိ
နိုဝင်ဘာ 1, 2023 | 2021 Military Coup| အခြားဒေသများ

မန္တလေးတိုင်း ပြင်ဦးလွင်မှ နောင်ချိုသို့ ယနေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၁)ရက်နေ့တွင် ဦးတည်ထွက်ခွာလာသော သံချပ်ကာ(၂)စီးပါ စစ်ကောင်စီတပ်ဖွဲ့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က တိုက်ခိုက်ခဲ့ရာ သံချပ်ကာကားတစ်စီး ပျက်စီးပြီး စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

သံချပ်ကာကား(၂)စီး အပါအဝင် စစ်ကား(၃၀)ခန့် အင်အား(၁၅၀)ဝန်းကျင်ပါ စစ်ကောင်စီယာဥ်တန်းအား နောင်ချိုမြို့နယ် အုမ္မသီး၊အုမ္မခါး လမ်းခွဲအနီး၌ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က ဖြတ်တောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ သံချပ်ကာ(၁)စီး ပျက်စီးကာ နောက်ပြန်ဆုတ်ခွာသွားပြီး ၎င်းတို့ထံမှ MA1(၁)လက်၊ MA2 (၃)လက်၊ MA3 (၂)လက်နှင့် ဆက်စပ်ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးသော်လည်း တိုက်လေယာဉ်ဖြင့် (၂)ကြိမ် ဦးစွာတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားနေစဥ်အချိန်တွင်လည်း တိုက်လေယာဉ်မှ စက်သေနတ်များဖြင့် (၁၄)ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

တိုက်ပွဲမှာ တိုက်ပွဲဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီတပ်စစ်ယာဥ်တန်းမှာ ရှေ့ဆက်မတက်နိုင်ပဲ အထိနာနေကြောင်း သိရသည်။

#TachileikNewsAgency