ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)၏ တပ်ရင်းအသစ်အဖြစ် တပ်ရင်းအမှတ်(၂၅) စတင်တည်ထောင်

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)၏ တပ်ရင်းအသစ်အဖြစ် တပ်ရင်းအမှတ်(၂၅) စတင်တည်ထောင်

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)၏ တပ်ရင်းအသစ်အဖြစ် တပ်ရင်းအမှတ်(၂၅) (KNDF/B-25)ကို ယနေ့ ၂၀၂၄ခုနှစ် မေလ (၇)ရက်နေ့တွင် စတင်တည်ထောင်ခဲ့ကြောင်း အဆိုပါတပ်ရင်း၏ ထုတ်ပြန်ချက်အရသိရသည်။

KNDF အမှတ်(၇)ဗျူဟာမှပြုလုပ်သည့် အခြေခံစစ်သင်တန်းကို ၂၀၂၄ခုနှစ် ဧပြီလ (၃၀)ရက်နေ့တွင် တက်ရောက်ပြီးစီးခဲ့ပြီး မေလ (၇)ရက်နေ့ မှစတင်၍  တပ်ရင်းအမှတ်(၂၅) သည် KNDF၏ တပ်ရင်းတပ်ဖွဲ့တစ်ခုအဖြစ် ဖွဲ့စည်းပြီးကြောင်း ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

တပ်ရင်းစတင်ဖွဲ့စည်းဖို့ရာ အဘက်ဘက်မှ ကူညီပံ့ပိုးပေးသည့် လူတစ်ဦးတစ်ယောက်စီတိုင်းကို အထူးကျေးဇူးတင်ကြောင်း  (KNDF/B-25)၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

#TachileikNewsAgency

Photo: Karenni People's Page