ရန်ကုန်မြို့ သာကေတတွင် လက်လုပ်လက်စားသမားများ အတွက် ကျပ် ၅၀၀ ဖြင့် အဝစား တန်ဖိုးနည်းထမင်းဆိုင် တစ်ပတ်လျှင် သုံးရက်ရောင်းချမှု ဒီဇင်ဘာလ(၃)ရက်နေ့ စတင်မည် 

ရန်ကုန်မြို့ သာကေတတွင် လက်လုပ်လက်စားသမားများ အတွက် ကျပ် ၅၀၀ ဖြင့် အဝစား တန်ဖိုးနည်းထမင်းဆိုင် တစ်ပတ်လျှင် သုံးရက်ရောင်းချမှု ဒီဇင်ဘာလ(၃)ရက်နေ့ စတင်မည် 
ဒီဇင်ဘာ 1, 2021 | အခြားဒေသများ

ရန်ကုန်မြို့၊ သာကေတမြို့နယ်အတွင်း၌ ဝင်ငွေနည်းမိသားစုများအတွက် ရည်ရွယ်သည့် ကျပ်(၅၀၀)ဖြင့် အဝစား တန်ဖိုးနည်းထမင်းဆိုင်ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၃) ရက်နေ့မှစ၍ တစ်ပတ်လျှင် (၃)ရက်နှုန်းဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တစ်နေ့လုပ် တစ်နေ့စားသမားတွေအတွက် ရည်ရွယ်တာပါ။ အလုပ် လုပ်နေရသူတွေ အလုပ်ထမင်းစားချိန် ဈေးသက်သက်သာသာနဲ့ အဆင်သင့် စားနိုင်အောင်လို့ပါ

ဟု ရန်ကုန်သူ ပါးကွက်ကြား ဆိုင်ဖွင့်သည့် အဖွဲ့ဝင်တစ်ဦးက Tachileik News Agency သို့ ဒီဇင်ဘာလ(၁)ရက်နေ့တွင် ပြောသည်။

သာကေတမြို့နယ်၊ ၃ ရန်ပြေရပ်ကွက်၊ ရန်အောင်လမ်းပေါ်တွင် ရန်ကုန်သူ ပါးကွက်ကြားအမည်ဖြင့် ဖွင့်လှစ်မည့် တန်ဖိုးနည်း ထမင်းဆိုင်ကို အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူးနှင့် သောကြာနေ့များ၌ နေ့စဉ် နေ့လယ် (၁၁)နာရီမှစ၍ ကုန်သွားသည့် အချိန်အထိ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

COVID 19 ဒဏ်ခံနေရစဉ် စစ်အာဏာသိမ်းခံရမှုကြောင့် ကျပ်တည်းလာကြသည့် ပြည်သူလူထုအတွက် ပြည်သူချင်း ကူညီသည့် အနေဖြင့် တန်ဖိုးနည်းထမင်းဆိုင်များ ဒေသအသီးသီးတွင် ဖွင့်လှစ်ရောင်းချပေးလာကြသည်ကို တွေ့ရသည်။