စစ်ကောင်စီတပ်က ပစ်ခတ်ဖျက်ဆီးလိုက်သည့် ဓမ္မသရွာ ဓာတ်ပုံများကို တော်လှန်ရေးတပ်ဖွဲ့ထုတ်ပြန်

စစ်ကောင်စီတပ်က ပစ်ခတ်ဖျက်ဆီးလိုက်သည့် ဓမ္မသရွာ ဓာတ်ပုံများကို တော်လှန်ရေးတပ်ဖွဲ့ထုတ်ပြန်

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ဓမ္မသရွာကို စစ်ကောင်စီတပ်က လေကြောင်း၊ ရေကြောင်းမှ ပစ်ခတ်ရာ ပျက်စီးသွားသည့် နေအိမ် (၃၀၀)ကျော်ရှိပြီး ပျက်စီးသွားသည့် နေအိမ်များအား ဂဠုန်စစ်ကြောင်းက ဖော်ပြလာသည်။

မတ်လ (၂၇)ရက်နေ့က စစ်ကောင်စီ၏ လေကြောင်းမှ မီးလောင်ဗုံးများနှင့်  ဗုံးကြဲတိုက်ခိုက်မှု၊ ဂျိုင်းမြစ်အတွင်းရှိ စစ်သင်္ဘောမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဓမ္မသရွာရှိ နေအိမ်(၃၀၀)ကျော် မီးလောင်ပျက်စီးခဲ့ရခြင်းဖြစ်သည်။

စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုကြောင့် ဒေသခံများမှာ နီးစပ်ရာ တောတောင်များအတွင်းသို့ တိမ်းရှောင်နေကြရပြီး အခက်အခဲများ လည်းရှိနေသည်ဟု သိရသည်။

အိမ်ခြေ (၃၀၀)ခန့် မီးလောင်ပြာကျခဲ့ရခြင်းကြောင့် စစ်ဘေးရှောင်  ဦးရေ (၆၀၀၀)ဝန်းကျင်ရှိသည်ဟုလည်း သိရသည်။

 

#TachileikNewsAgency

Photo: alon Column - ဂဠုန်စစ်ကြောင်း - P29908