စစ်သားများရှိနေသည့် မကွေးတက္ကသိုလ်  မုခ်ဦးပေါက်တွင် ဗုံးကွဲ

စစ်သားများရှိနေသည့် မကွေးတက္ကသိုလ်  မုခ်ဦးပေါက်တွင် ဗုံးကွဲ
အောက်တိုဘာ 10, 2021 | အခြားဒေသများ

မကွေးတိုင်းဒေသကြီးအတွင်း မကွေးမြို့နယ် တောင်တွင်းလမ်းရှိ မကွေးတက္ကသိုလ် မုခ်ဦးပေါက်တွင် အာဏာသိမ်းစစ်တပ်၏ စစ်သားများစောင့်ကြပ်နေလျက်ရှိရာ ယနေ့ ၂၀၂၁ခုနှစ် အောက်တိုဘာလ(၁၀)ရက်နေ့ နေ့လည် (၁)နာရီ (၁၀)မိနစ်ဝန်းကျင်အချိန်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပေါက်ကွဲမှုကြောင့် ထိခိုက်မှု ရှိ မရှိကိုတော့ မသိရသေးသော်လည်း အာဏာသိမ်းစစ်တပ်က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ဟု သိရသည်။