မင်းလှမြို့နယ်တွင် ပျူစောထီးခေါင်ဆောင် PPP ပါတီဥက္ကဌ သေနတ်ဖြင့် ၁၂ ချက်ပစ်ခတ်ခံရ

မင်းလှမြို့နယ်တွင် ပျူစောထီးခေါင်ဆောင် PPP ပါတီဥက္ကဌ သေနတ်ဖြင့် ၁၂ ချက်ပစ်ခတ်ခံရ

ပဲခူးတိုင်း မင်းလှမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ စက်ကြီးတန်းလမ်းနေ ပျူစောထီးခေါင်းဆောင် မျိုးမြင့်အောင်(ခ)အောင်အောင် ဆိုသူကို ၄င်၏နေအိမ်ခြံဝန်းအတွင်း၌ ယနေ့ ၂၀၂၄ ခုနှစ် မတ်လ(၂၆)ရက်နေ့ နေ့လယ်ပိုင်းတွင် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။

ပျူစောထီးခေါင်းဆောင် မျိုးမြင့်အောင်(ခ)အောင်အောင် ဆိုသူကို မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် သာယာဝတီခရိုင်တပ်ရင်း(၃၈၀၂)တပ်ခွဲ(၂)၊ တပ်ခွဲ(၃)မှ ရဲဘော်များပူးပေါင်း၍ သေနတ်ဖြင့် (၁၂)ချက် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပျူစောထီးခေါင်းဆောင် မျိုးမြင့်အောင် (ခ)အောင်အောင်သည် စစ်တပ်ထောက်တိုင် အမာခံတဦးဖြစ်ကာ စစ်ကောင်စီတပ်သားများနှင့်အတူ ပြည်သူများအား လိုက်လံဖမ်းဆီး၍ သတ်ဖြတ်ရန် ပြုလုပ်ခြင်း၊ စစ်မှုထမ်းရန် ပြည်သူများအား ဖိအားပေးစုဆောင်းခြင်း၊ စစ်ကောင်စီထံ မမှန်သတင်းပေး၍ ပြည်သူများအား ဖမ်းခိုင်းခြင်းနှင့် ခြိမ်းခြောက်ငွေတောင်းခြင်း၊ စစ်ကောင်စီထံ တော်လှန်ရေးရဲဘော်များ၏ သတင်းများအား ထောက်လှမ်းပေးပို့ခြင်းတို့ကြောင့် ပစ်ခတ်ရှင်းလင်းရခြင်းဖြစ်ကြောင်း သိရသည်။

မျိုးမြင့်အောင်သည် မင်းလှမြို့နယ် မဲရှုံးပါတီ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)၏ ဥက္ကဌလည်းဖြစ်ကြောင်း သိရသည်။

       

မင်းလှမြို့နယ်အတွင်းရှိ ပြည်သူများအား အကြောင်းအမျိုးမျိုးပြကာ ခြိမ်းခြောက်ဖိအားပေးပြီး စစ်မှုထမ်းရန် စုဆောင်းခြင်းများနှင့် တော်လှန်ရေးတပ်ဖွဲ့များအား ဒုက္ခပေးနေသည့် အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူး၊ ပျူစောထီး၊ သတင်းပေးဒလန်များကို          အရေးယူသွားမည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။

#TachileikNewsAgency

Photo: မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့