စစ်ကောင်စီတပ်သားတစ်ဦး လက်နက်နှင့်အတူ အလင်းဝင်သဖြင့် ငွေကျပ်သိန်း ၅၀ ချီးမြှင့်

စစ်ကောင်စီတပ်သားတစ်ဦး လက်နက်နှင့်အတူ အလင်းဝင်သဖြင့် ငွေကျပ်သိန်း ၅၀ ချီးမြှင့်

 

စစ်ကောင်စီတပ်သားတစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာကြောင်း Pakokku People Defense Force (PPDF)မှ ယနေ့ ၂၀၂၄ ခုနှစ် မတ်လ(၁၇)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

အဆိုပါ စစ်ကောင်စီတပ်သားသည် လက်နက်တစ်လက်၊ ကျည်ဘောက် (၃)ခုနှင့်အတူ အလင်းဝင်လာသဖြင့် ဆုကြေးငွေသိန်း (၅၀)ကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်ထံ တာဝန်ထမ်းဆောင်နေကြသူများလည်း အာဏာရှင်ကို အသက်ပေးမည့်အစား ပြည်သူ့တပ်ဖွဲများထံ အမြန်ခိုလှုံကြရန် တိုက်တွန်းထားသည်။

 

Photo: Pakokku People Defense Force PPDF