ရေစကြိုမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ကို ဒေသကာကွယ်ရေးတပ်များ စုပေါင်းတိုက်ခိုက်

ရေစကြိုမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ကို ဒေသကာကွယ်ရေးတပ်များ စုပေါင်းတိုက်ခိုက်
အောက်တိုဘာ 3, 2023 | 2021 Military Coup| အခြားဒေသများ

မကွေးတိုင်း ရေစကြိုမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ကို ယနေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၃)ရက်နေ့ နံနက်ပိုင်းတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယနေ့ နံနက်ပိုင်းတွင် အင်အား(၆၀)ပါ စစ်ကြောင်းကို PDF တပ်ပေါင်းစုက စောင့်ဆိုင်းကာ ထန်းငယ်တောကျေးရွာမှ ထွတ်လာချိန် သဲတောကျေးရွာသို့ ဦးတည်နေစဉ် (၆၀)မမ၊ (၄၀)မမတို့ဖြင့် ပစ်ခတ်တိုက်ခဲ့ကြောင်း သိရသည်။

ထို့နောက် စောင့်ဆိုင်းနေသောနေရာအနီးသို့ရောက်လာရာ ဒေသကာကွယ်ရေးတပ်များက ဝိုင်းဝန်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ အထိနာသဖြင့် တပ်ဆုတ်ထွက်ပြေးသွားသည်ဟု Southern YSO PDFက သတင်းထုတ်ပြန်ထားသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူများအား ပခုက္ကူမြို့မှ နာရေးကား(၅)စီးဖြင့် လာရောက်သယ်ဆောင်သွားသည်ဟု သိရသည်။

 

တိုက်ခိုက်မှုကို Southern YSO PDF၊ BNRA(ဗမာအမျိုးသားတော်လှန်ရေး တပ်မတော်)၊ Yesagyo Revolution Group(YRG)၊ဒေါင်းစစ်သည်၊ King Cobra၊ မြိုင်မြို့နယ် ပကဖ တပ်ရင်း (၁)၊ ဒေါင်းသွေးနီ၊ Shwe Nyar Myae People Defence Force တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency