အကြမ်းဖက်မှုနှိမ်နှင်းတိုက်ဖျက်ရေးလုပ်ငန်းများအတွက် အထူးစစ်ဆင်ရေးသင်တန်းဆင်းပွဲပြုလုပ်

အကြမ်းဖက်မှုနှိမ်နှင်းတိုက်ဖျက်ရေးလုပ်ငန်းများအတွက် အထူးစစ်ဆင်ရေးသင်တန်းဆင်းပွဲပြုလုပ်

အကြမ်းဖက်မှုနှိမ်နှင်းတိုက်ဖျက်ရေးလုပ်ငန်းများအတွက် အထူးတာဝန်ပေးမည့် SSTF-ပြည်သူ့ရဲတပ်ဖွဲ့နှင့် မြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့မှ ရဲဘော်များအားပို့ချသည့် အထူးစစ်ဆင်ရေးသင်တန်းဆင်းပွဲကို ၂၀၂၄ ခုနှစ် မတ်လ (၁၈)ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

သင်တန်းအား အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန် ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ -SOF မှ သင်တန်းနည်းပြများ၊ မရိမ်းတပ်ဖွဲ့ဝင်ဟောင်း မြန်မာနိုင်ငံသားနည်းပြများနှင့် SSTFမှ နည်းပြအကူများက (၃)လကြာ လေ့ကျင့်သင်ကြားပေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

သင်တန်းဆင်းပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊  ပြည်သူ့ရဲတပ်ဖွဲ့မှ ရဲချုပ်၊ ဒုရဲချုပ်နှင့် SSTF ဒုဌာနကြီးမှူးများ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOFမှ သင်တန်းနည်းပြများ တက်ရောက်ခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo: အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F