ကရင်နီအမျိုးသားကာကွယ်ရေးတပ် အမှတ် ( ၆ ) တပ်ရင်းမှ ရှေ့တန်းတွင်တာဝန်ထမ်းဆောင်နေသည့် ရဲဘော်များ၏ ပုံရိပ်များ

ကရင်နီအမျိုးသားကာကွယ်ရေးတပ် အမှတ် ( ၆ ) တပ်ရင်းမှ ရှေ့တန်းတွင်တာဝန်ထမ်းဆောင်နေသည့် ရဲဘော်များ၏ ပုံရိပ်များ

ကရင်နီအမျိုးသားကာကွယ်ရေးတပ် အမှတ်( ၆ ) တပ်ရင်းမှ ရှေ့တန်းတွင်တာဝန်ထမ်းဆောင်နေသည့် ရဲဘော်များ၏ ပုံရိပ်များကို ၂၀၂၄ခုနှစ် ဧပြီလ ( ၃၀ ) ရက်နေ့တွင် KNDF -BO 6က ထုတ်ပြန်သည်။

စစ်ကောင်စီ၏ မိုးဗြဲမြို့ ( ၄၂၂ ) တပ်စခန်းတိုက်ခိုက်ရာတွင်လည်း ကရင်နီအမျိုးသားကာကွယ်ရေးတပ် အမှတ်( ၆ ) တပ်ရင်းမှ ရဲဘော်များပါဝင်နေပြီး စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းနိုင်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် ဆုံးခန်းတိုင် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း သိရသည်။

အမှတ် ( ၆ ) တပ်ရင်းသည် စတင်ဖွဲ့စည်းချိန်မှစပြီး ယခု ၁၁၁၁ စစ်ဆင်ရေးကာလအချိန်အထိ တစိုက်မတ်မတ် တိုက်ပွဲဝင်ခဲ့ပြီး တော်လှန်ရေးအရှိန်အဟုန်မြင့်တက်လာသည်နှင့်အမျှ တပ်ရင်းတပ်ဖွဲ့များတွင် ဘဏ္ဍာရေးလိုအပ်ချက်များရှိလာနေကြောင်း သိရသည်။

လက်ရှိအချိန်တွင် ရဲဘော်များအတွက် ဦးထုတ်၊ခြေအိတ်မှစ၍ ဖိနပ်အထိ ယူနီဖောင်းတပ်ဆင်နိုင်ရန်အတွက် “ဝတ်စုံတူညီ ထောက်ပို့မည်” ကမ်ပိန်းကို ပြုလုပ်ထားကြောင်း သိရသည်။

#TachileikNewsAgency

Photo: KNDF -BO 6