မင်းတပ်မြို့နယ်အတွင်း CDF ၏ ‌ပြောက်ကျားနည်းဖြင့် တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား (၆)ဦးသေကာ သေနတ်တစ်လက် သိမ်းဆည်းရရှိ

မင်းတပ်မြို့နယ်အတွင်း CDF ၏ ‌ပြောက်ကျားနည်းဖြင့် တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား (၆)ဦးသေကာ သေနတ်တစ်လက် သိမ်းဆည်းရရှိ
ဖေဖော်ဝါရီ 3, 2022 | အခြားဒေသများ

မင်းတပ်မြို့နယ်အတွင်း CDF ၏ ‌ပြောက်ကျားနည်းဖြင့် တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား (၆)ဦးသေကာ သေနတ်တစ်လက် သိမ်းဆည်းရရှိ

* * * * *

ချင်းပြည်နယ်၊ မင်းတပ်မြို့ (၃၂)မိုင်နှင့် မိုင်(၃၀)တွင် ယမန်နေ့ ဖေဖော်ဝါရီလ(၂)ရက်က အကြမ်းဖက်စစ်ကောင်စီ နှင့် CDF မင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီ တပ်သား(၆)ဦး သေပြီး MA 3 တစ်လက် သိမ်းဆည်း ရမိခဲ့ကြောင်း CDF မင်းတပ်က ယနေ့ ဇန်နဝါရီလ(၃)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

ယနေ့ ဖေဖော်ဝါရီလ(၃)ရက်နေ့တွင်လည်း မတူပီမှ ပြန်ဆင်းလာသည့် အကြမ်းဖက် စစ်‌ကောင်စီယာဉ်တန်းကို CDF-MINDAT က မင်းတပ်-မတူပီ လမ်း‌ပေါ်တွင် ဆက်လက် ပြောက်ကျားနည်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီဖက်မှ ထိခိုက်မှုများရှိခဲ့ပြီး သေဆုံးစာရင်းကို အတည်မပြုနိုင်သေးဟုဆိုသည်။

တိုက်ပွဲတွင် CDF ရဲဘော်တစ်ဦး မစိုးရိမ်ရသည့် ဒဏ်ရာရရှိခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်၏ ယာဉ်တန်းသည် လက်ရှိတွင် (၂၃)မိုင်၌ ‌ရောက်နေပြီး ညအိပ်မည်ဟု ခန့်မှန်းရကြောင်း ထုတ်ပြန်သည်။