ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသမီးကို ရည်းစားဟောင်းက သတ်ဖြတ် အလောင်းဖျောက်မှု ဖြစ်ပွား

ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသမီးကို ရည်းစားဟောင်းက သတ်ဖြတ် အလောင်းဖျောက်မှု ဖြစ်ပွား
By Mr John

ထိုင်းနိုင်ငံတွင် မြန်မာအမျိုးသမီးတစ်ဦးကို သတ်ပြီး ရေတွင်းဟောင်းထဲ စွန့်ပစ်ထားသည့် ဖြစ်စဉ်နှင့် ပတ်သက်ပြီး  ရည်းစားဟောင်း ဖြစ်သူကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။ 

အသတ်ခံရသူ မြန်မာအမျိုးသမီးမှာ ၂၀၂၄ ခုနှစ် မတ်လ (၄) ရက်နေ့ကတည်းက ပျောက်ဆုံးသွားပြီးနောက် အလောင်းကို ၂၀၂၄ ခုနှစ် မတ်လ (၁၁) ရက်နေ့က Mueang Nakhon Si Thammarat ခရိုင်၊ Nai Mueang ခရိုင်ခွဲ၊ Ratchadamonoen လမ်း၊ Wat Thao Khot ဘုရားကျောင်း နောက်ဘက်ရှိ အသုံးမပြုဘဲ စွန့်ပစ်ထားသော အခန်းနေရာတစ်ခုရှိ ရေတွင်းထဲတွင် တွေ့ရှိခဲ့ရသည်။

သေဆုံးသူ မသူဇာအောင် (ခ) နောင့်ဆာ ၏ အသုဘအခမ်းအနားကို ၂၀၂၄ ခုနှစ် မတ်လ (၁၂) ရက်နေ့က နခွန်ဆီသာမရတ်ပြည်နယ် Mueang ခရိုင်ရှိ Wat Boonnarob ဘုရားကျောင်းတွင် ထိုင်းအလုပ်ရှင် Prapassorn Pikkulwan က ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။ 

ယခုအမှုနှင့် ပတ်သက်၍ သေဆုံးသူ၏ ရည်းစားဟောင်းဖြစ်သူ အသက် (၂၇) နှစ်အရွယ်ရှိ Phitchaya Bunyattisak ဆိုသူ အမျိုးသားသည် ကရာဘီပြည်နယ်တွင် ထွက်ပြေးတိမ်းရှောင်နေစဥ် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။ 

၎င်းအနေဖြင့် လူသတ်မှုကို ကျူးလွန်ခဲ့ကြောင်း နှင့် မြန်မာအမျိုးသမီးကို သတ်ပြီးနောက် သူမ၏ ရွှေဆွဲကြိုးကို ဘတ် (၁)သိန်း နီးပါးဖြင့် ရောင်းစားခဲ့ပြီး ရရှိလာသည့်ငွေ အားလုံးနီးပါးကို သုံးပစ်လိုက်ပြီဟု Phitchaya က ဝန်ခံ ထွက်ဆိုထားသည်။ 

ရဲတပ်ဖွဲ့က ၎င်းကို စစ်ဆေးမေးမြန်းစဥ်အတွင်း လူသတ်မှုကို တစ်ဦးတည်း ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း Phitchaya က အခိုင်အမာ ထွက်ဆိုသော်လည်း သေဆုံးသူနှင့် ရင်းနှီးသည့် သူငယ်ချင်းများနှင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများကမူ ထိုထွက်ဆိုချက်ကို မယုံကြည်ကြပေ။ 

သတ်သူမှာ လူကောင်သေးပြီး အသတ်ခံရသူမှာ ခန္ဓာကိုယ်ထွားသူဖြစ်ရာ သူမ၏ အလောင်းကို Phitchaya တစ်ဦးတည်း မ ယူပြီး ရေတွင်းထဲသို့ ပစ်ချရန် မဖြစ်နိုင်ကြောင်းခြင်း မယုံကြည်ခြင်းဖြစ်ကြောင်း ထောက်ပြကြသည်။

ထို့အပြင် Phitchaya က ၎င်းသတ်ခဲ့သည့် မြန်မာအမျိုးသမီးနှင့် အတူနေ ထိုင်နေဆဲဟု ပြောဆိုမှုမှာလည်း မမှန်ကန်ကြောင်းနှင့် ၎င်းတို့ လမ်းခွဲခဲ့သည်မှာ  ကြာပြီဖြစ်ကြောင်း မြန်မာအမျိုးသမီး၏ သူငယ်ချင်းများနှင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများက ပြောသည်။ 

၎င်းတို့က ရဲတပ်ဖွဲ့အနေဖြင့် ယခုအမှုကို စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးရန် တိုက်တွန်းထားပြီး အသတ်ခံရသူမှာ ရွှေ့ပြောင်းအလုပ်သမားတစ်ဦး ဖြစ်သောကြောင်း အရေးမကြီးသော အမှုဟု မယူဆရန် ပြောဆိုကြသည်။

 

Source: Khaosod English

Photo: ไพฑูรย์ อินทศิลา