ဖိလစ်ပိုင်တွင် မီးလောင်မှုကြောင့် ကလေးငယ်(၆)ဦး အပါအဝင် လူ(၈)ဦး သေဆုံး

Photo: Xinhua/REX/Shutterstock, AP
Photo: Xinhua/REX/Shutterstock, AP
 ဖိလစ်ပိုင်တွင် မီးလောင်မှုကြောင့် ကလေးငယ်(၆)ဦး အပါအဝင် လူ(၈)ဦး သေဆုံး
By Mr John

 ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်အနီးရှိ နေအိမ်များ မီးလောင်မှု ဖြစ်ပွားခဲ့ရာ ကလေးငယ် (၆)ဦး အပါအဝင် လူ(၈)ဦး သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ အစိုးရတာဝန်ရှိသူတွေက ပြောသည်။

မေလ (၂) ရက်နေ့ ဒေသစံတော်ချိန် နံနက် (၅) နာရီဝန်းကျင်တွင် မီးလောင်မှု စတင်ဖြစ်ပွားခဲ့ပြီး နေအိမ်အလုံး (၈၀) မီးလောင်ပျက်စီးသွားကြောင်း သိရသည်။

Quezon မြို့ ဖိလစ်ပိုင်တက္ကသိုလ်နယ်မြေအတွင်း ပြည့်ကျပ်နေသည့် အခြေချနေထိုင်သည့်နေရာရှိ နေအိမ်တစ်အိမ်၏ ဒုတိယထပ်တွင် မီးလောင်မှု စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းရင်းကို မသိသေးဟု ဆိုသည်။

အဆိုပါ မီးလောင်မှုကို နှစ်နာရီနီးပါးကြာ ငြှိမ်းသတ်ခဲ့ရကြောင်း မီးသတ်ဌာန အကြီးတန်းအရာရှိ Greg Bichayda က AFP သတင်းကို ပြောသည်။

 "မီးက အလျင်အမြန် ကူးစက်လောင်ကျွမ်းသွားတယ်။ အိမ်က အပေါ့စား ကုန်ကြမ်းပစ္စည်းတွေနဲ့ ဆောက်လုပ်ထားတာပါ။ မီးစလောင်တော့ လူတွေက တုန်လှုပ်ချောက်ချားနေခဲ့ကြတယ်။ ကျွန်တော်တို့ မီးသတ်စခန်းက သူတို့နဲ့ နီးတယ်။ ဒါပေမဲ့ သူတို့ ကျွန်တော်တို့ကို ချက်ချင်း မခေါ်နိုင်ခဲ့ကြဘူး" ဟု Bichayda က ရှင်းပြသည်။

ဖိလစ်ပိုင်သည် ကမ္ဘာ့လူဦးရေ အထူထပ်ဆုံး နိုင်ငံများအနက် ပါဝင်နေပြီး မနီလာမြို့တော်တွင် တစ်စတုရန်းကီလိုမီတာအတွင်း နေထိုင်သူအများအပြား ရှိနေသည်။

နိုင်ငံ၏ မြို့တော်နှင့် Quezon အပါအဝင် အခြားမြို့များ ပါဝင်ဖွဲ့စည်းထားသည့် မနီလာမြို့တော်နယ်နမိတ်တွင် လူဦးရေ (၁၃) သန်း နေထိုင်လျက်ရှိကြသည်။

မီးလောင်မှုများ ဖြစ်ပွားလေ့ရှိသော ပြည့်ကျပ်နေသည့် နေရာများတွင် လူဦးရေ ထောင်ပေါင်းများစွာ နေထိုင်ကြသည်ဟု ဆိုသည်။



Source: BBC