အင်းစိန်မြို့နယ်ရှိ လေတပ်အရာရှိလိုင်းခန်းဂိတ်နှင့် စော်ဘွားကြီးကုန်း အုပ်ချူပ်ရေးမှူးရုံးတို့ကို Dark Shadow အထူးတပ်ဖွဲ့ မိုင်းခွဲ

အင်းစိန်မြို့နယ်ရှိ လေတပ်အရာရှိလိုင်းခန်းဂိတ်နှင့် စော်ဘွားကြီးကုန်း အုပ်ချူပ်ရေးမှူးရုံးတို့ကို Dark Shadow အထူးတပ်ဖွဲ့ မိုင်းခွဲ

ရန်ကုန်တိုင်း အင်းစိန်မြို့နယ်ရှိ လေတပ်အရာရှိလိုင်းခန်းဂိတ်နှင့် စော်ဘွားကြီးကုန်း အုပ်ချူပ်ရေးမှူးရုံးတို့အား  ၂၀၂၄ ခုနှစ် မတ်လ (၁၂)ရက်နေ့ ညပိုင်းတွင် Dark Shadow အထူးတပ်ဖွဲ့ က အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုနှင့်ပတ်သက်၍ ထိခိုက်မှု တစ်စုံတစ်ရာ သိရှိရခြင်း မရှိသေးသော်လည်း အဖွဲ့ဝင်များအနေဖြင့် ထိခိုက်မှုမရှိ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ဟု ဆိုသည်။

ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ဒုက္ခပေးနေသော လေတပ်အရာရှိများနေထိုင်သည့် လိုင်းခန်းနှင့် စော်ဘွားကြီးကုန်းအနီးရှိ အုပ်ချုပ်ရေးမှူးရုံးတို့သည် ပြည်သူလူထုကို အစဉ်အမြဲ ဒုက္ခပေးနေပြီး စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တယားလည်ပတ်အောင် ရပ်ကွက်အတွင်းရှိပြည်သူများကို မတရားသဖြင့် အနိုင်ကျင့်၊ ငွေညှစ် အုပ်ချုပ်မှုများ လုပ်ဆောင်နေသောကြောင့် ပစ်မှတ်အဖြစ် သတ်မှတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

နောက်ထပ်ပစ်မှတ်များကိုလည်း ဆက်တိုက်တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်သဖြင့် ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့် ပတ်သတ်သော နေရာများ၊ စစ်ကောင်စီတပ်၊ ရဲနှင့် ပျူစောထီးများ စုဝေးရာနေရာများသို့ မသွားကြရန်နှင့် ဝေးဝေးမှရှောင်ရှားသွားလာပေးကြရန် မေတ္တာရပ်ခံထားသည်။

#TachileikNewsAgency