ရေတာရှည်တွင် တိုက်ပွဲ ၁၁ ကြိမ်ဖြစ်ကာ စစ်ကောင်စီထံမှ ခဲယမ်းတချို့ PDF သိမ်းဆည်း

ရေတာရှည်တွင် တိုက်ပွဲ ၁၁ ကြိမ်ဖြစ်ကာ စစ်ကောင်စီထံမှ ခဲယမ်းတချို့ PDF သိမ်းဆည်း
နိုဝင်ဘာ 2, 2023 | 2021 Military Coup| အခြားဒေသများ

ပဲခူးတိုင်း ရေတာရှည်မြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ ယမန်နေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၁)ရက်နေ့က တိုက်ပွဲဖြစ်ကာ စစ်ကောင်စီတပ်ထံမှ ခဲယမ်းတချို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

ပဲခူးတိုင်းအရှေ့ပိုင်း ရေတာရှည်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် (၁၁)ကြိမ် တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်က ထိ ခိုက်သေဆုံးသူရှိပြီး ပုဝါနီစစ်ကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့များဘက်မှ (၂)ဦး ကျဆုံးခဲ့ရကာ (၄)ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်၏ RPGနှင့် ၆၀ မမ ဗုံးသီးများကို သိမ်းဆည်းရရှိခဲ့ပြီးနောက် စစ်ကောင်စီတပ်က လေယာဉ်နှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သဖြင့် အရပ်သား (၁)ဦး သေဆုံး၊ နေအိမ်(၂)လုံး ပျက်စီးပြီး အရပ်သား(၅၅၀)ကျော် စစ်ဘေးရှောင်ခဲ့ရသည်ဟု သိရသည်။

#TachileikNewsAgency