ဝေါ်လေမြို့နယ်အတွင်း စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ခရစ်ယာန်ဘုရားရှိခိုးကျောင်း နှင့် အဆောက်အဦးအချို့ ထိခိုက် ပျက်စီး 

ဝေါ်လေမြို့နယ်အတွင်း စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ခရစ်ယာန်ဘုရားရှိခိုးကျောင်း နှင့် အဆောက်အဦးအချို့ ထိခိုက် ပျက်စီး 

ကရင်ပြည်နယ်၊ ဝေါ်လေမြို့နယ်၊ ဝေါ် လေခီးဒေသရှိ KNLA တပ်ရင်း ၂၀၁ အုပ်ချုပ်နယ်မြေ၊ ခလယ်လောကျယ်(ခ)ပနွယ်ဖိုးကလိုး ကျေးရွာကို စစ်ကောင်စီတပ်သည် ၂၀၂၃ခုနှစ်၊ မေ လ( ၂၃ )ရက်နေ့ ညပိုင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘုရားကျောင်းတစ် ကျောင်းပျက်စီးသွားကြောင်း သိရသည်။

၎င်း‌နယ်မြေကို စစ်ကောင်စီတပ်က ည( ၁၂ )နာရီတွင် ပေါင်(၅၀၀) ဗုံး(၂)လုံးကြဲချခဲ့ရာ ခရစ်ယာန်ဘုရားကျောင်းဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ဘုရားကျောင်းဝင်းရှိ ဘုရားကျောင်းနှင့်

အဆောက်အဦးများ  ပျက်စီးသွားခဲ့သည်ဟု သိရသည်။

"အခုတော့ အေးဆေးပဲ။ တိုက်ပွဲ မရှိလည်း သူတို့က ဒီတိုင်းကြဲတာပဲလေ။ ဒေသခံတွေတော့ ထိခိုက်မှု မရှိဘူး။"ဟု KNLA နှင့် နီးစပ်သူတစ် ဦးက Tachileik News Agency ကို မေလ( ၂၄ )ရက်နေ့ နက်ပိုင်းတွင် ပြောသည်။

အာဏာသိမ်းစစ်ကောင်စီတပ်သည် ကရင်ပြည်နယ်ရှိ အရပ်သားများရှိနေရာများကို အကြောင်းပြချက်မရှိ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ဒေသခံများ ခိုက်သေဆုံးမှုများလည်းရှိနေသည်။

အာဏာသိမ်းစစ်ကောင်စီတပ်သည် အာဏာစသိမ်းစဉ်ကနေ (၂)နှစ်ကျော်ကာလအထိ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ကရင်နီ(ကယား)ပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင်  ခရစ်ယာန်ဘုရားကျောင်း အများအပြား ထိခိုက် ပျက်စီးခဲ့ရသည်။