ဗိုလ်ချုပ်ကြီးစောမူးတူးစေးဖိုးနှင့် ပ‌ဒိုစောရော်ဂျာခင်တို့အား ဂုဏ်ပြုအခမ်းအနား BGF ခေါင်းဆောင်တက်ရောက်

ဗိုလ်ချုပ်ကြီးစောမူးတူးစေးဖိုးနှင့် ပ‌ဒိုစောရော်ဂျာခင်တို့အား ဂုဏ်ပြုအခမ်းအနား BGF ခေါင်းဆောင်တက်ရောက်

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၇)တွင် KNU နာယကများဖြစ်သည့် ဗိုလ်ချုပ်ကြီး စောမူးတူးစေးဖိုးနှင့် ပ‌ဒိုစောရော်ဂျာခင်တို့အား ဂုဏ်ပြုခြင်း အခမ်းအနားကို ၂၀၂၄ခုနှစ် မတ်လ(၇)ရက်နေ့က ပြုလုပ်ခဲ့ရာ စစ်ကောင်စီတပ်မှ ခွဲထွက်လာသည့် BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ် သူလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

ဂုဏ်ပြုအခမ်းအနားပို ဖားအံခရိုင် တပ်မဟာ(၇)၊ ပိုင်ကျုံမြို့နယ်အတွင်းရှိ ပိတခကျေးရွာတွင်ပြုလုပ်ခဲ့ပြီး ကရင့်လက်နက်ကိုင်စည်း လုံးညီညွတ်ရေးလုပ်ငန်းကော်မတီခေါင်းဆောင်များနှင့် ဖားအံခရိုင်၊ မြို့နယ် ခေါင်ဆောင်းများမှ နာယကခေါင်းဆောင်များကိုလည်း ဂုဏ်ပြုလက်ဆောင်များ ချီးမြှင့်ခဲ့ကြသည်ဟု သိရသည်။

#TachileikNewsAgency

Photo: KNU-Hpa-An District News