စစ်သည်အင်အားနည်းလာသည့် စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်းအတွင်း ပျူစောထီး(ပြည်သူ့စစ်)အဖွဲ့များ ဖွဲ့စည်းပေးထားပြီး စစ်သင်တန်းများ ပို့ချနေ

စစ်သည်အင်အားနည်းလာသည့် စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်းအတွင်း ပျူစောထီး(ပြည်သူ့စစ်)အဖွဲ့များ ဖွဲ့စည်းပေးထားပြီး စစ်သင်တန်းများ ပို့ချနေ
ဖေဖော်ဝါရီ 17, 2022 | အခြားဒေသများ

ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ပြောက်ကျားစနစ် အားကောင်းပြီး စစ်သည်အင်အားလျော့နည်းလာသည့် စစ်ကိုင်းတိုင်းအတွင်း၌ စစ်တပ်ထောက်ခံသူများကို စုစည်းပြီး အာဏာသိမ်းစစ်ကောင်စီတပ်က ပျူစောထီး(ပြည်သူ့စစ်)အဖွဲ့များ ဖွဲ့စည်းပေးထားကာ  ဖေဖော်ဝါရီလအတွင်း၌ သင်ကြားပေးနေသည့် စစ်သင်တန်း၏ မှတ်တမ်းပုံများ ထွက်ပေါ်လာသည်။

အာဏာသိမ်းစစ်တပ်က ပျူစောထီးများကို အခြေခံစစ်သင်တန်း လက်နက်ငယ်ပစ်ခတ်ခြင်းများအထိ သင်ကြားပေးနေပြီး ကျေးရွာများအတွင်း PDF များကို စုံစမ်းဖော်ထုတ် ရှင်းလင်းရန်အတွက် ရဟန်းသံဃာများကိုပါ သင်ကြားပေးထားသည်ဟု သိရသည်။

အာဏာသိမ်းစစ်ကောင်စီက ကျောထောက်နောက်ခံပြုပြီး ဖွဲ့စည်းပေးထားသည့် ပျူစောထီး(ပြည်သူ့စစ်)အဖွဲ့များတွင် အများအားဖြင့် ကြံ့ဖွံ့ပါတီဝင်များ နှင့် စစ်တပ်ထောက်ခံသူများ ပါဝင်ကြောင်း စစ်ကိုင်းတိုင်းအတွင်း ဒေသခံများထံက သိရသည်။

ကျေးရွာများအတွင်း ဝင်ရောက်အကြမ်းဖက်ကာ နေအိမ်များ မီးရှို့ရာတွင်လည်း စစ်ကောင်စီတပ်က ပျူစောထီးများ၏ အင်အားကိုလည်း ရယူသုံးစွဲသည်ဟု ဒေသခံများထံက သိရသည်။

 

တိုင်းရင်းသားဒေသများတွင် ပြည်သူ့စစ်အဖွဲ့ကို ယခင်ကတည်းက ဖွဲ့စည်းပေးထားပြီးဖြစ်သော်လည်း အာဏာသိမ်းကာတွင်း၌ ပေါ်ပေါက်လာသည့် ပျူစောထီးအဖွဲ့ကို အာဏာသိမ်းစစ်တပ်က ပြည်သူ့စစ်သင်တန်းများ ပို့ချပေးပြီး ပျူစောထီးအဖွဲ့များကို ၎င်းတို့ကိုယ်တိုင်က  ပျူစောထီးဟု သုံးနှုန်းလေးမရှိဘဲ ပြည်သူ့စစ်(ပသစ) သို့မဟုတ် ပန်းသစ္စာ(ပသစ)ဟုလည်း ခေါ်ဝေါ်သုံးနှုန်းကြကြောင်းလည်း သိရသည်။ ပန်းသစ္စာဆိုသည်မှာ ပြည်သူ့စစ် ၏ အတိုကောက် ပသစ ကို သုံးစွဲထားခြင်း ဖြစ်သည်။