ဟားခါးတွင် ဂိုဒေါင်စောင့် ရဲတပ်ဖွဲ့ဝင် (၅)ဦးကို CDF က ဖမ်းဆီး ရမိ

ဟားခါးတွင် ဂိုဒေါင်စောင့် ရဲတပ်ဖွဲ့ဝင် (၅)ဦးကို CDF က ဖမ်းဆီး ရမိ

ချင်းပြည်နယ်အတွင်း ဟားခါးမြို့နယ် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် လုံခြုံရေးယူထားသော ရဲတပ်ဖွဲ့ဝင် (၅)ဦးကို လက်နက်ခဲယမ်းများနှင့်အတူ CDF ဟားခါးက ဖမ်းဆီးရမိထားကြောင်း သိရသည်။

ဟားခါးမြို့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် လုံခြုံရေးယူထားသော ရဲအုပ်တစ်ဦး အပါအဝင် တပ်ဖွဲ့ဝင်(၅)ဦးကို ၂၀၂၄ခုနှစ် မတ်လ(၆)ရက်နေ့တွင် ခြောက်လုံးပြူး တစ်လက်အပါအဝင် လက်နက်(၆)လက်နှင့်အတူ ဖမ်းဆီးရမိထားပြီး ဥပဒေနှင့်အညီ ထိန်းသိမ်းထားကြောင်း CDF ဟားခါးက ယနေ့ မတ်လ(၈) ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

၎င်းတို့သည် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးတိုးတက်ရေးဦးစီးဌာနရုံး ဂိုဒေါင်စောင့်ရဲများဖြစ်ပြီး မတ်လ (၆)ရက်နေ့ ညပိုင်းတွင် CDF ဟားခါးက ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးရမိသည့်အထဲတွင်  ရဲအုပ် တစ်ဦး နှင့် တပ်သား(၄)ဦး ပါသည်ဟု သိရသည်။