ဂျပန်ဗီဇာအတွက် ကြိုတင်ရက်ချိန်းရယူခြင်းကို ဖုန်းအစား အီးမေးလ်ကနေ ပေးပို့ ဆက်သွယ်ရန် ရန်ကုန် ဂျပန်သံရုံးက အသိပေး

ဂျပန်ဗီဇာအတွက် ကြိုတင်ရက်ချိန်းရယူခြင်းကို ဖုန်းအစား အီးမေးလ်ကနေ ပေးပို့ ဆက်သွယ်ရန် ရန်ကုန် ဂျပန်သံရုံးက အသိပေး

 ရန်ကုန်မြို့ရှိ ဂျပန်သံရုံးက ဂျပန်ပြည်ဝင်ခွင့်ဗီဇာများအတွက် တယ်လီဖုန်းဖြင့် ကြိုတင်ရက်ချိန်းရယူခြင်းကို ခေတ္တရပ်နားထားပြီး Email ( အီးမေးလ်)စနစ်ဖြင့်သာ လက်ခံသွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

လက်ရှိတွင် ဂျပန်ပြည်ဝင်ခွင့်ဗီဇာလျှောက်ထားသူ အလွန်များပြားနေသည့်အတွက် ကြိုတင်ရက်ချိန်းယူသူများအနေဖြင့် ပိုမိုလွယ်ကူစေရန် ဖုန်းစနစ်ကနေ Email ( အီးမေးလ် ) [ [email protected] ]စနစ်သို့ ပြောင်းလဲထားခြင်းဖြစ်ကြောင်း ၂၀၂၄ခုနှစ် မတ်လ(၁)ရက်နေ့တွင် အသိပေးကြေညာထားခြင်း ဖြစ်သည်။

" အီးမေးလ်ကို အကြောင်းပြန်ရန်အတွက် အချိန်အနည်းငယ် ကြန့်ကြာနိုင်သော်လည်း အီးမေးလ်တစ်စောင်ရရှိပါက မပျက်မကွက် အကြောင်းပြန်ပေးမည်ဖြစ်သောကြောင့် စိတ်မပူကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ တယ်လီဖုန်းဖြင့် ပြည်လည်ရက်ချိန်းရယူနိုင်မည့်အချိန်ကို ထပ်မံအသိပေး အကြောင်းကြားပါမည်။"ဟု အသိပေးထားသည်။

Email ( အီးမေးလ်)ဖြင့် ကြိုတင်ရက်ချိန်းယူသူများအနေဖြင့် အောက်ဖော်ပြပါ URL ( Link ) များကနေ ကြည့်ရှုဆက်သွယ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

【英】https://www.mm.emb-japan.go.jp/itpr_en/consular_en.html

【日】https://www.mm.emb-japan.go.jp/itpr_ja/consular_ja.html

【緬】https://www.mm.emb-japan.go.jp/itpr_my/consular_my.html