အကြည်ဝါးဘင်း ရွာအနီး တိုက်ပွဲတွင် စစ်ကောင်စီတပ်သား တစ်ဦးကို လက်နက်ခဲယမ်း နှင့်အတူ အရှင် ဖမ်းမိ

အကြည်ဝါးဘင်း ရွာအနီး တိုက်ပွဲတွင် စစ်ကောင်စီတပ်သား တစ်ဦးကို လက်နက်ခဲယမ်း နှင့်အတူ အရှင် ဖမ်းမိ
ဧပြီ 26, 2022 | အခြားဒေသများ

 မကွေးတိုင်း ဂန့်ဂေါဘက်မှ ထီးလင်းမြို့ဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်၏ တပ်မ (၁၁)နှင့် အကြည်ဝါးဘင်း ရွာအနီး၌ ဧပြီလ(၂၅)ရက်က တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်သားတစ်ဦးကို အရှင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ တပ်သား နိုင်လင်းအောင်ကို သေနတ် (၁)လက်၊ ကျည်ပေါက် (၃)ခု၊ နင်းမိုင်း(၁)လုံး၊ လက် ပစ်ဗုံး(၁)လုံး၊ RPG ဗုံးသီး (၁)လုံးနှင့် ကျည်များ၊ စစ်အသုံး အဆောင်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်ဟု Yaw Defense Force - YDF က ထုတ်ပြန်သည်။

 

အင်အား(၉၀)ဝန်းကျင်ပါ တပ်မ(၁၁)နှင့် YDF တပ်ဖွဲ့ဝင်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ကြရာ (၄၅)မိနစ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြသည်။

စစ်ကောင်စီတပ်ဘက်က သေဆုံး၊ ဒဏ်ရာရသူများကို ထမ်းပိုးကာ အကြည်ဝါးဘင်းရွာတွင်းသို့ ပြန်လည်ဆုတ်ပြေးသွားကြပြီး YDF ဖက်မှ ထိခိုက်ဒဏ်ရာရသူမရှိဘဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Photo: YDF