တီးတိန်မြို့နယ်တွင် စစ်ကောင်စီအတွက် တပ်သားစုဆောင်းနေသူ ဌာနဆိုင်ရာဝန်ထမ်း ၅ ဦးကို PDF Zoland ဖမ်းဆီး

တီးတိန်မြို့နယ်တွင် စစ်ကောင်စီအတွက် တပ်သားစုဆောင်းနေသူ ဌာနဆိုင်ရာဝန်ထမ်း ၅ ဦးကို PDF Zoland ဖမ်းဆီး

ချင်းပြည်နယ် တီးတိန်မြို့နယ်တွင် စစ်ကောင်စီအတွက် အတင်းအဓ္ဓမ တပ်သားသစ်စုဆောင်း ကူညီပေးကြသော ဌာနဆိုင်ရာဝန်ထမ်း(၅)ဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း PDF Zolandထံမှ သိရသည်။

၎င်းတို့ကို မတ်လ(၂၅)ရက်နေ့ နံနက်ပိုင်းတွင် ဖမ်းဆီးရမိထားခြင်းဖြစ်ပြီး အသေးစိတ်အချက်အလက်ကိုမူ ထပ်မံစုံစမ်းနေဆဲဖြစ်ပါသည်။

ဖမ်းဆီးရမိသူများမှာ ကပ်ဆွင်းခွါလ် အသက်(၃၆)နှစ် လက်ထောက် အင်ဂျင်နီယာ(စည်ပင်)၊ ခွါလ်လျန်းမုန် အသက်(၅၅)နှစ် ဒုကြီးကြပ်(မွေး/ကု)၊ လျန်းလမ်ခိုင် အသက်(၄၈)နှစ် အုပ်စုစာရေး(ထွေအုပ်)၊  ရှင်းခန့်ခွါလ် အသက်(၄၈) အားကာမှူး၊ နန်ဆွင်းဂင့် အသက်(၅၇)နှစ် အငယ်တန်းစာရေး (လ၀က)တို့ဖြစ်ကြောင်း သိရသည်။

"သည်းခံနားလည်ပေးမူသည် အကန့်အသတ်ရှိပါသည်။ အကြမ်းဖက်စစ်ကောင်စီအား တစ်ထောင့်တစ်နေရာမှ ပူးပေါင်းပံ့ပိုးသူများကို ဆက်လက် အရေးယူသွားပါမည်။"ဟုလည်း PDF Zoland က ထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo : PDF Zoland