ခါမ်းပါတ်ရဲခန်းကို တော်လှန်ရေးတပ်များ သိမ်းထား၊ စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲ

ခါမ်းပါတ်ရဲခန်းကို တော်လှန်ရေးတပ်များ သိမ်းထား၊ စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲ
နိုဝင်ဘာ 4, 2023 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း တမူးမြို့နယ် ခါမ်းပါတ်မြို့ရဲစခန်းကို တော်လှန်ရေးတပ်များက ယနေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၄)ရက်နေ့ နံနက်ပိုင်းတွင် သိမ်း ပိုက်ထားပြီးနောက် တိုက်ပွဲများဆက်ဖြစ်နေပြီး စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေကြောင်း သိရသည်။

ခါမ်းပါတ်မြို့တွင် ယနေ့နံနက်ပိုင်းက ပစ်ခတ်မှုများ ဖြစ်ပေါ်နေပြီး ရဲစခန်းအား သိမ်းပိုက်ပြီးဖြစ်ကာ စစ်ကောင်စီတပ်စခန်းများအား ထပ်မံသိမ်းနိုင်ရန် ကြိုးစားနေသည်ဟု တော်လှန်ရေးအဖွဲ့များထံမှ သိရသည်။

ထို့ကြောင့် စစ်ကောင်စီတပ်က ခါမ်းပါတ်မြို့အား ယမန်နေ့ ည(၇)နာရီတွင် တိုက်လေယာဉ်ဖြင့် ဗုံး(၂)လုံး ကြဲချခဲ့ပြီး နိုဝင်ဘာလ(၄)ရက် နံနက်ပိုင်းတွင်လည်း တိုက်လေယာဉ်ဖြင့် ဗုံး(၂)လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တော်လှန်ရေးတပ်များသည် ခါမ်းပါတ်ရဲစခန်းနှင့် ဝိတုပ်စစ်ကောင်စီတပ်စခန်းတို့ကို ယနေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၃)ရက်နေ့ နံနက်ပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

#TachileikNewsAgency