ထိုင်းနိုင်ငံရှိ မိဘမဲ့ နှင့် ဆင်းရဲနွမ်းပါး ကလေးများ အတွက် ရန်ပုံငွေရှာဖွေရန် မိုင်ထောင်ချီ အပြေးခရီးနှင်သည့် ဗြိတိသျှအမျိုးသား

ထိုင်းနိုင်ငံရှိ မိဘမဲ့ နှင့် ဆင်းရဲနွမ်းပါး ကလေးများ အတွက် ရန်ပုံငွေရှာဖွေရန် မိုင်ထောင်ချီ အပြေးခရီးနှင်သည့် ဗြိတိသျှအမျိုးသား
By Mr John

 ထိုင်းနိုင်ငံရှိ မိဘမဲ့နှင့် ဆင်းရဲနွမ်းပါးသော ကလေးများအတွက် ရန်ပုံငွေရှာဖွေရန် ရည်ရွယ်သည့် ဗြိတိသျှ အမျိုးသားတစ်ဦး၏ မိုင်ထောင်ချီ အပြေးခရီးစဥ် ပြီးမြောက်အောင်မြင်ခဲ့ကြောင်း သိရသည်။ 

ထိုအမျိုးသားက ထိုင်းနိုင်ငံ၏ မြောက်ဘက်စွန်းမှ တောင်ဘက်စွန်းသို့ အပြေးခရီးနှင်ခဲ့သည်။

ဗြိတိသျှအမျိုးသား ခရစ်ရပ်ဆဲလ်က ၎င်း၏ ပရဟိတစီမံကိန်း Run Thailand 2,100 KM ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် စတင်ခဲ့ပြီး ထိုင်းမိဘမဲ့ကလေးများနှင့် ဆင်းရဲနွမ်းပါးသော ကလေးများကို စောင့်ရှောက်ပေးနေသည့် စာသင်ကျောင်းများအတွက် ရန်ပုံငွေရှာဖွေရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။ 

၎င်းက စာနာတတ်သူများကို JustGiving ဝက်ဘ်ဆိုက်မှတစ်ဆင့် အလှူငွေများထည့်ဝင်ကြရန် ဖိတ်ခေါ်ခဲ့ပြီး ဘတ် (၂၃၀,၀၀၀) ရရှိရန် ရည်မှန်းထားသော်လည်း ၎င်း ရည်မှန်းထားသည့် အလှူငွေပမာဏထက် မတ်လ(၁)ရက်နေ့ ည(၈)နာရီအချိန်အထိ စုစုပေါင်း ဘတ်ငွေ (၂၆၆,၀၀၀) ကျော်ရှိ ပိုမို ရရှိခဲ့ကြောင်း သိရသည်။ 

ရပ်ဆဲလ်က ထိုင်းမြောက်ဘက်စွန်း ချင်းရိုင်ပြည်နယ် မယ်ဆိုင်မှ ထိုင်းတောင်ဘက်စွန်း ယာလာပြည်နယ် ဘီတောင်းသို့ ၎င်း၏ အပြေးခရီးစဥ်ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၁၀) ရက်နေ့တွင် စတင်ခဲ့သည်။ 

၎င်းက ညပိုင်းတွင် အပြေးရပ်နားပြီး အနီးအနားရှိ ဟိုတယ်များတွင် အိပ်စက်နေထိုင်ခဲ့သည်။ 

ရပ်ဆဲလ်က ၎င်း၏ အပြေးခရီးစဥ် ပြီးမြောက်အောင်မြင်ခဲ့ပြီဟု ၂၀၂၄ ခုနှစ် မတ်လ (၁) ရက်နေ့တွင် Facebook ပေါ်၌ ကြေညာခဲ့သည်။

အလှူငွေများ ပေးအပ်သွားမည့် အဖွဲ့အစည်းများ စာရင်းကို ရပ်ဆဲလ်က ထုတ်ဖော်ပြောခြင်း မရှိသေးဟု ဆိုသည်။

 ရပ်ဆဲလ်၏ အပြေးခရီးစဥ် အကွာအဝေးမှာ (၁,၃၀၄) မိုင် (၂,၁၀၀ ကီလိုမီတာ) ရှိကြောင်း သိရသည်။

Source: The Thaiger

Photo: Chris Russell