ထိုင်းရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီ၏ ခေါင်းဆောင်က ညွှန့်ပေါင်းအစိုးရဖွဲ့မည့် အသေးစိတ်ကို မေလ (၁၈) ရက်တွင် ကြေညာမည်

Pita နှင့် အခြား ပါတီ (၅) ခုမှ ကိုယ်စားလှယ်များက တစ်နာရီခွဲခန့်ကြာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် စားသောက်ဆိုင် တံခါးပေါက်နေရာတွင် ပြုံးရွှင်စွာဖြင့် ဓာတ်ပုံရိုက် [ Photo: khaosod ]
Pita နှင့် အခြား ပါတီ (၅) ခုမှ ကိုယ်စားလှယ်များက တစ်နာရီခွဲခန့်ကြာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် စားသောက်ဆိုင် တံခါးပေါက်နေရာတွင် ပြုံးရွှင်စွာဖြင့် ဓာတ်ပုံရိုက် [ Photo: khaosod ]
ထိုင်းရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီ၏ ခေါင်းဆောင်က ညွှန့်ပေါင်းအစိုးရဖွဲ့မည့် အသေးစိတ်ကို မေလ (၁၈) ရက်တွင် ကြေညာမည်
By Mr John

ထိုင်းနိုင်ငံ အထွေထွေရွေးကောက်ပွဲတွင် အမတ်နေရာအများဆုံးဖြင့် အနိုင်ရခဲ့သည့် Move Forward ပါတီ၏ ခေါင်းဆောင် Pita Limjaroenrat က အစိုးရတစ်ရပ် ဖွဲ့စည်းရန် အခြား နိုင်ငံရေးပါတီ (၅) ခုနှင့် တွေ့ဆုံဆွေးနွေးခဲ့မှု ရလဒ်ကို ယနေ့ ၂၀၂၃ခုနှစ် မေလ (၁၈) ရက် နံနက် (၁၀) နာရီတွင် ကြေညာသွားမည်ဟု Pita က ပြောသည်။

 Move Forward ပါတီခေါင်းဆောင် Pita နှင့် Pheu Thai ၊ Prachachart ၊ Seri Ruam Thai ၊ Thai San Thai နှင့် Chez Miline ပါတီတို့မှ အဓိက ပုဂ္ဂိုလ်များ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

Pita နှင့် ပါတီ (၅) ခုမှ အဓိက ပုဂ္ဂိုလ်များက အစိုးရအိမ်တော်နှင့် မဝေးကွာလှသည့် Dusit ခရိုင်ရှိ အဆင်မြင့် စားသောက်ဆိုင်တစ်ဆိုင်တွင် တွေ့ဆုံခဲ့ကြပြီး ညွှန့်ပေါင်းအစိုးရဖွဲ့စည်းရေး အစီအစဥ်ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 မေလ (၁၄) ရက် အထွေထွေရွေးကောက်ပွဲ၏ အတည်မပြုရသေးသည့် မဲရလဒ်များအရ ပါတီ (၆) ခု ပါဝင်သည့် ညွှန့်ပေါင်းအုပ်စုက အောက်လွှတ်တော် (House of Representatives) အမတ်နေရာ (၅၀၀) အနက် (၃၁၀) အနိုင်ရရှိထားသည်။

Pheu Thia ပါတီမှ အကြီးတန်း အရာရှိများက Pita ကို ဝန်ကြီးချုပ်အဖြစ် ထောက်ခံကြရန် အခြား ပါတီများကို တိုက်တွန်းထားသည်။ 

စစ်တပ် ကျောထောက်နောကန်ခံပြု အထက်လွှတ်တော် (Senate) ကို ထိန်းချုပ်ရန် လုံလောက်သည့် မဲအရေအတွက်ရရှိရေး ရည်ရွယ်ချက်ခြင်းလည်း ဖြစ်သည်။ 

ထိုအတောအတွင်း အတိုက်အခံအဖြစ် ဆက်ရှိနေဆဲဖြစ်သော်လည်း The Democrat ပါတီက ဝန်ကြီးချုပ်နေရာအတွက် Pita ကို မဲပေးထောက်ခံနိုင်ကြောင်း မေလ (၁၇) ရက်နေ့တွင် အရိပ်အမြွက် ပြောခဲ့သည်။

Move Forward ပါတီခေါင်းဆောင် Pita နှင့် အခြား ပါတီ (၅) ခုမှ ကိုယ်စားလှယ်များက တစ်နာရီခွဲခန့်ကြာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် စားသောက်ဆိုင် တံခါးပေါက်နေရာတွင် ပြုံးရွှင်စွာဖြင့် ဓာတ်ပုံအရိုက်ခံခဲ့ကြသည်။

 

Source: Bangkok Post