ဟိုပုံးမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ်များထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ 

ဟိုပုံးမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ်များထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ 
ဖေဖော်ဝါရီ 22, 2024 | 2021 Military Coup| ရှမ်းတောင်

 ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဟိုပုံးမြို့နယ် အရှေ့ဘက်ခြမ်းတွင် စစ်ကောင်စီတပ်ပူးပေါင်း PNA နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)တို့   ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ(၂၁)ရက်နေ့က တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က (၄)ဦးသေကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း PNLA ထံမှ သိရသည်။

တိုက်ပွဲဖြစ်ပွားပြီး‌နာက် စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ်များထံမှ လက်နက်ငယ်(၄)လက်၊ (၆၀)မမ လက်နက်ကြီးတစ်လက်၊ ကားတစ်စီး နှင့် ခဲယမ်းကျည်ဆံများ သိမ်းဆည်းရရှိခဲ့သည်ဟု ဆိုသည်။

ထို့အပြင် ယမန်နေ့တွင် စစ်ကောင်စီသည် ဆီဆိုင်မြို့နယ်အတွင်းနှင့် ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသနှင့် ထမ်းဆန်းဂူဒေသကို လက် နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထမ်းဆန်းဂူဒေသကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ပြီးနောက် စစ်ကောင်စီသည် ထမ်းဆန်းဂူဒေသတွင် လက်နက်ကြီးများအထိုင်ချကာ မဲနယ်တောင်ဒေသကို ဆက်လက်ပစ်ခတ်တိုက်ခိုက်ခြင်း ခရီးသွားပြည်သူများ၏ ကားများအား ပစ်ခတ်ခြင်းများပြုလုပ်ခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံများ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အိုးအိမ်စည်းစိမ်များ ပျက်စီးခဲ့ရကြောင်း သိရသည်။

"အလွန်ရိုးသားငြိမ်းချမ်းစွာ နေထိုင်တတ်သည့် ပအိုဝ်းလူမျိုးများ အထွဋ်အမြတ်ထားသည့် ဘာသာရေးဆိုင်ရာ မြင့်မြတ်သော နေရာများကို စစ်ကောင်စီနှင့်ပြည်သူ့စစ်များသည် ၎င်းတို့၏ အာဏာရှင် စနစ် သက်ဆိုးရှည်ရေးအတွက် အကာအကွယ်ယူခြင်း၊ တိုက်ခိုက်ဖျက်ဆီးခြင်းများ ပြုလုပ်နေလျက်ရှိသည်။ ထိုလုပ်ရပ်များသည် ပအိုဝ်းလူမျိုးများ၏ နှလုံးသည်းအူကို မီးရှို့နေသည့် လုပ်ရပ်ပင်မက ဘာသာရေးလွတ်လပ်ခွင့်ကိုပါ ထိပါးဖျက်ဆီးနေခြင်းဖြစ်သည်။"ဟု PNLA က ထုတ်ပြန်ထားဟည်။

ဖေဖော်ဝါရီလ(၂၀)ရက်နေ့ကလည်း ဟိုပုံးမြို့နယ်တွင် စစ်ကောင်စီတပ်ပူး‌ပေါင်း PNO တပ်များနှင့် ပအိုဝ်းအမျိုးသားလွတ်မြောက် ရေးတပ်မတော်(PNLA)တို့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား (၅)ဦးသေကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့သည်။

အဆိုပါနေ့တွင် စစ်ကောင်စီတပ်နှင့်လက်အောက်ခံ PNO ပြည်သူ့ စစ်များသည် မဲနယ်တောင်ဒေသကို လက်နက်ကြီးဖြင့် (၅၇)ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ကျောက္ကဆျာႏကျေးရွာမှ နေအိမ်တစ်လုံးပျက်စီးပြနေအိမ်(၁၀)လုံးခန့် ထိခိုက်မှုရှိခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Photo: PNLA News & Info