မိုင်းယောင်းမြို့နယ်တွင် မဲဆန္ဒရှင်စာရင်း မှန်ကန်မှုရှိစေရေးနှင့် မဲဆန္ဒရှင်ကျန်ရှိမှုများ မရှိစေရေး အဖွဲ့ (၈)ဖွဲ့ခွဲ၍ မြေပြင် ကွင်းဆင်းဆောင်ရွက်မည်

မိုင်းယောင်းမြို့နယ်တွင် မဲဆန္ဒရှင်စာရင်း မှန်ကန်မှုရှိစေရေးနှင့် မဲဆန္ဒရှင်ကျန်ရှိမှုများ မရှိစေရေး အဖွဲ့ (၈)ဖွဲ့ခွဲ၍ မြေပြင် ကွင်းဆင်းဆောင်ရွက်မည်
သြဂုတ် 18, 2020
By Tachileik News Agency
မိုင်းယောင်းမြို့နယ်တွင် မဲဆန္ဒရှင်စာရင်း မှန်ကန်မှုရှိစေရေးနှင့် မဲဆန္ဒရှင်ကျန်ရှိမှုများ မရှိစေရေး အဖွဲ့ (၈)ဖွဲ့ခွဲ၍ မြေပြင် ကွင်းဆင်းဆောင်ရွက်မည်
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင်  ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်စာရင်း မှန်ကန်မှုရှိစေရေးနှင့် မဲဆန္ဒရှင်ကျန်ရှိမှုများ မရှိစေရေးအတွက် ကျေးရွာအုပ်စုအလိုက် မြေပြင်ကွင်းဆင်းစိစစ်ရေးအဖွဲ့ ရှစ်ဖွဲ့ခွဲပြီး ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့၏ ညှိနှိုင်းအစည်းအဝေးကို ၂၀၂၀ ခုနှစ်၊ ဩဂုတ်လ (၁၈) ရက်နေ့က မိုင်းယောင်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပြီးနောက် ယင်းကဲ့သို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစံသိန်းနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ တက်ရောက်ဆွေးနွေးကြခြင်းဖြစ်သည်။
ဆန္ဒမဲပေးရန် သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသော မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းတွင် ပါဝင်နိုင်စေရေး၊ မဲစာရင်းတွင် ပါရှိသည့်အချက်အလက်များ ပြည်စုံမှန်ကန်စေရေး၊ ကျန်ရှိသူများကို မဲစာရင်းတွင် ပါဝင်ခွင့်ရရှိရေး ပုံစံ(၃-က)ဖြင့်    လျှောက်ထားနိုင်ရေး၊ မဲစာရင်း၌ မိမိအမည် မပါဝင်ပါက ပုံစံ(၃)ဖြင့် လည်းကောင်း၊ မဲစာရင်းတွင် အမည်စာရင်း မပါဝင်သင့်ဘဲ ပါဝင်နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါအချက်အလက်များ မှားယွင်းနေပါက ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်လွှာ တင်သွင်းခြင်းများကို ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် မြေပြင်ကွင်းဆင်းစိစစ်ရေးအဖွဲ့ ရှစ်ဖွဲ့ခွဲပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 
Tachileik News Agency
သတင်း/ဓါတ်ပုံ - စိုင်းအောင်ဇော်လင်း
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~