ဆီဆိုင်မြို့နယ်အတွင်း စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင် တစ်ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ

ဆီဆိုင်မြို့နယ်အတွင်း စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင် တစ်ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ
ဖေဖော်ဝါရီ 17, 2024 | 2021 Military Coup| ရှမ်းတောင်

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ဆီဆိုင်မြို့နယ်နှင့် ဟိုပုံးမြို့နယ်တို့တွင် စစ်ကောင်စီတပ်သားတစ်ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း PNLA က ယနေ့ ၂၀၂၄ ခုနှစ် ဖေဖေယ်ဝါရီလ(၁၇)ရက်နေ့ နံနက်ပိုင်းက   သတင်းထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီလ(၁၆)ရက်နေ့က ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)က နယ်မြေလုံခြုံရေးဆိုင်ရာ လှုပ်ရှားမှုပြုလုပ်နေစဉ် စစ်ကောင်စီတပ်နှင့် လက်အောက်ခံ PNO ပြည်သူ့စစ်များမှ ချောင်းမြောင်းပစ် ခတ်ခြင်းကြောင့် ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

ပစ်ခတ်မှုဖြစ်ပြီး‌နောက် PNLA က နယ်မြေရှင်းလင်း ရှင်းလင်းရာ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင် တစ်ဦးကို အရှင်ဖမ်းဆီး ရမိသလို ၎င်းနှင့်အတူ (၆၀)မမပြောင်းတိုတစ်လက်နှင့် လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

ထို့အပြင် စစ်ကောင်စီနှင့် လက်အောက်ခံပြည်သူ့စစ်အဖွဲ့များသည် ယမန်နေ့ညက ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသရှိ ကျေးရွာများအား လက်နက်ကြီး အချက်(၄၀)ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟုလည်း သိရသည်။