ပြည်တွင်းလေကြောင်းခရီးစဉ်များကို ဒီဇင်ဘာလ (၁၆)ရက်နေ့မှစ၍ ပြန်လည်ပြေးဆွဲခွင့်ပြု

ပြည်တွင်းလေကြောင်းခရီးစဉ်များကို ဒီဇင်ဘာလ (၁၆)ရက်နေ့မှစ၍ ပြန်လည်ပြေးဆွဲခွင့်ပြု
ဒီဇင်ဘာ 12, 2020
By Tachileik News Agency
ပြည်တွင်းလေကြောင်းခရီးစဉ်များကို ဒီဇင်ဘာလ (၁၆)ရက်နေ့မှစ၍ ပြန်လည်ပြေးဆွဲခွင့်ပြု
နိုင်ငံတွင်း ပြည်တွင်းလေကြောင်းခရီးစဉ်များကို ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၁၆) ရက်နေ့မှစ၍ COVID 19 ကာကွယ်ရေးအစီအမံများဖြင့် ပြန်လည်ပြေးဆွဲရန် ပြင်ဆင်နေပြီဖြစ်ကြောင်း သိရသည်။
နိုင်ငံတွင်း COVID 19 ကူးစက်မှုတိုးလာသဖြင့် ပြည်တွင်းလေကြောင်းလိုင်းများ ပြေးဆွဲခြင်းကို ဒီဇင်ဘာလ (၁၅)ရက်နေ့အထိ ရပ်နားထားရန် ညွှန်ကြားထားခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာလ (၁၆)ရက်နေ့မှစ၍ ပြည်တွင်းပုံမှန်ခရီးစဉ်များ ပျံသန်းပြေးဆွဲခြင်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက လမ်းညွှန်သည့် စံသတ်မှတ်ချက်များနှင့်အညီပြန်လည်ဆောင်ရွက်ရန် COVID 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ခွင့်ပြုလိုက်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် ဒီဇင်ဘာလ (၁၂)ရက်နေ့အထိ COVID 19 အတည်ပြုလူနာ (၁၀၇,၂၁၅) ဦးရှိနေပြီး နေ့စဉ်အတည်ပြုလူနာ ထောင်နှင့်ချီ၍တိုးလာနေဆဲဖြစ်သည်။
Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~