သံလွင်တံတား(ဘားအံ)ရှိ စုပေါင်းစစ်ဆေးရေးဂိတ် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး ဂိတ်တာဝန်ကျသူများ ထိခိုက်ထိခိုက်သေဆုံးသူများ ရှိကာ ၎င်းတို့၏ လိုင်စင်မဲ့ ကားဆိုင်ကယ်များပါ ပျက်စီး

သံလွင်တံတား(ဘားအံ)ရှိ စုပေါင်းစစ်ဆေးရေးဂိတ် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး ဂိတ်တာဝန်ကျသူများ ထိခိုက်ထိခိုက်သေဆုံးသူများ ရှိကာ ၎င်းတို့၏ လိုင်စင်မဲ့ ကားဆိုင်ကယ်များပါ ပျက်စီး

 ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ဘားအံသံလွင်တံတားရှိ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ယနေ့ ၂၀၂၃ ခုနှစ် ဇူလိုင်လ(၃၁)ရက်နေ့ နံနက်ပိုင်းက  ကားမိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်သေဆုံးဒဏ်ရာရသူများ ရှိခဲ့ကြောင်း သိရသည်။

နံနက်(၇) နာရီဝန်းကျင်အချိန်က သံလွင်တံတားရှိ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ပေါက်ကွဲမှုဖြစ်ပွားခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် စစ်ဆေးရေးဂိတ်တွင် တပ်ချထားသော စစ်ကောင်စီတပ်သားများ အပါအဝင် ရဲနှင့် သက်ဆိုင်ရာ ဝန်ထမ်းများ ထိခိုက်သေဆုံးမှုများရှိကြောင်း သိရသည်။

"သေဆုံးသူရှိတော့ ရှိတယ် အတိတကျ မသိရသေးဘူး။ အခုက ဘယ်ကားမှ ဖြတ်မရတဲ့ အခြေအနေဆိုတော့ မသိရသေးဘူး။ တော်တော်တော့ ပျက်စီးသွားတယ်။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကို ပြောသည်။

ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ပေါက်ကွဲမှုကြောင့် အဆိုပါ ဂိတ်တွင် တာဝန်ကျသူများထဲက ထိခိုက်သေဆုံးသူများရှိသည့်အပြင် ၎င်းတို့၏ လိုင်စင်မဲ့ ကားများနှင့် ဆိုင်ကယ်များ ပျက်စီးသွားသလို ဂိတ်တဲများလည်း ထိခိုက်ပျက်စီးသွားကြောင်း သိရသည်။

သံလွင်တံတား(ဘားအံ)သည် ဘားအံမြို့နှင့် မြိုင်ကလေးရွာကို ဆက်သွယ်ပေးထားသည့် တံတားဖြစ်သည်။

#TachileikNewsAgency

Photo: CJ