အင်းတော်ဒေသအတွင်း အာဏာသိမ်း စစ်ကောင်စီတပ်၏ ယာဉ်တန်း (၄)ကြိမ် တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် ကျွဲပျောက်ရှာသူ (၁)ဦး သေဆုံး

 ဖော်ပြပါ ပုံမှာ ပုံအဟောင်းဖြစ်ပါသည်
ဖော်ပြပါ ပုံမှာ ပုံအဟောင်းဖြစ်ပါသည်
အင်းတော်ဒေသအတွင်း အာဏာသိမ်း စစ်ကောင်စီတပ်၏ ယာဉ်တန်း (၄)ကြိမ် တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် ကျွဲပျောက်ရှာသူ (၁)ဦး သေဆုံး

 စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မော်လူး - နန့်စီးအောင်လမ်းပိုင်း  နှင့် မော်လူးအင်းတော်လမ်းပိုင်းတွင် ၂၀၂၃ခုနှစ်၊ မတ်လ (၁၄)ရက်နေ့က အာဏာသိမ်းစစ်ကောင်စီတပ်၏ ကားများအား KIA နှင့် ပူးပေါင်းတပ်များက မိုင်းဆွဲပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Indaw Revolution-IR က သတင်းထုတ်ပြန်ထားသည်။ 

မတ်လ (၁၄)ရက်နေ့၏ နံနက်ပိုင်းတွင် လမ်းလုံခြုံရေးယူရန် နန့်စီးအောင်မှ ဆင်းလာသော စစ်ကား (၃)စီးအား Tiger Army အဖွဲ့မှ ရှေ့ ထွက်မိုင်း (၉)လုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ညပိုင်းတွင် မိုးညှင်းဘက်မှ ဆင်းလာသော စစ်ကောင်စီတပ်၏ ရိက္ခာ ကား (၄)စီး ကို မော်လူးနှင့် နဘားကြားတွင် KIA၊ KPDF ပူးပေါင်းအဖွဲ့က (၃)နေရာ ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က အထိခိုက်အသေဆုံးများနိုင်ပြီး စစ်ကောင်စီကားတစ်စီးမှာလည်း နေရာတွင်ပင် ထိုးရပ်သွားခဲ့ကြောင်း သိရသည်။

စစ်ကောင်စီကားများသည် ၎င်းတို့ သွားရာလမ်းတစ်လျှောက် ရမ်းသမ်းပစ်ခတ်ခဲ့ပြီး ၎င်းတို့ ပစ်ခတ်မှုကြောင့် ညအချိန်တွင် ကျွဲပျောက်လို့ရှာနေသည့် တုံးလုံရွာသားတစ်ဦး ကျည်ထိမှန်သေဆုံးခဲ့ရကြောင်း သိရသည်။

စစ်ကောင်စီကားများသည် ၎င်းတို့ ကြားဖြတ်တိုက်ခိုက်ခံရပြီးနောက် လက်နက်ကြီးများဖြင့်  (၃)နာရီကြာ ရမ်းသမ်းပစ်ခတ်ခဲ့ရာ ကမ်းနီရွာရှိ နေအိမ်တစ်လုံးနှင့် နန်းမကြိုင်းရွာရှိ နေအိမ်တစ်ချို့ ထိခိုက်ပျက် စီးခဲ့ပြီး နဘားရွာရှိ ဆိုင်များကိုလည်း ဝင်ရောက်ရှာဖွေကာ ကားဆရာများထံမှ ဖုန်း (၄)လုံးနှင့် ငွေကျပ် (၁၅)သိန်းအား ယူဆောင်သွားကြောင်း သိရသည်။