ကြာအင်းဆိပ်ကြီးမြို့နယ်တွင် စစ်ကြောင်းထိုး တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ပူးပေါင်းတပ်များ ပစ်ခတ်တိုက်ခိုက်

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် စစ်ကြောင်းထိုး တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ပူးပေါင်းတပ်များ ပစ်ခတ်တိုက်ခိုက်

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ငြိမ်းချမ်းမြိုင်(စိတ္တသုခဘုန်းကြီးကျောင်း)တောင်ပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို KNLA ပူးပေါင်းတပ်များက ၂၀၂၃ခုနှစ် ဇူလိုင်လ (၁၁)ရက်နေ့က ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါတောင်ပေါ်သို့ စစ်ကြောင်းထိုးရောက်ရှိနေသော စစ်ကောင်စီလက်အောက်ခံ တပ်မ(၂၂)ကွပ်ကဲမှု ခမရ(၂၁၀)စစ်ကြောင်းကို ဒရုန်း၊ လက်နက်ကြီးများနှင့် ပစ်ခတ်ခဲ့သည်ဟု နဂါးနီစစ်ကြောင်းက ယနေ့ ဇူလိုင်လ (၁၃)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးသူရှိပြီး အတိတကျကို အတည်မပြုနိုင်သေးကြောင်း ထုတ်ပြန်ထားသည်။

တိုက်ခိုက်မှုကို နဂါးနီစစ်ကြောင်း၊ KNLAတပ်ရင်း(၁၆)၊ KNDO တပ်ရင်း(၆) Droneအဖွဲ့၊ တောင်ညိုစစ်ကြောင်း Drone အဖွဲ့ နှင့် Alpha Bats Fixed Wingsအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

#TachileikNewsAgency