တုန်ရှမ်းဒေသရှိ စစ်ကောင်စီတပ်စခန်း  (၃)ခုကို MNDAAယနေ့ ထပ်သိမ်း

တုန်ရှမ်းဒေသရှိ စစ်ကောင်စီတပ်စခန်း  (၃)ခုကို MNDAAယနေ့ ထပ်သိမ်း
နိုဝင်ဘာ 4, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသ တုန်ရှမ်းဒေသရှိ စစ်ကောင်စီတပ်စခန်း (၃)ခုကို MNDAAက ယနေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၄)ရက်နေ့ နံနက်ပိုင်းက ထပ်မံသိမ်းပိုက်လိုက်ကြောင်း သိရသည်။

အသေးစိတ်အချက်အလက်ကို MNDAAက ထုတ်ပြန်ထားခြင်းမရှိသေးပါ။

ယနေ့နံနက်ပိုင်းကလည်း လာရှိုးမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ဂျာယန် ပြည်သူ့စစ်စခန်းနှင့် မိုင်းယန်းပြည်သူ့စစ်စခန်း (၂)ခုတို့ကို  တအာင်းအမျိုးသားလွတ်‌မြောက်ရေးတပ်မတော်(TNLA)က တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။ 

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မဟာမိတ်တပ်များက စစ်ကောင်စီ တပ်စခန်းပေါင်း (၉၀)ကျော်ကို သိမ်းပိုက်ရရှိထားပြီးဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency