စစ်ကောင်စီက ပဆျာႏကလိုႏကျေးရွာကို လေယာဉ်ဖြင့်ဗုံးကြဲ အရပ်သား နှစ်ဦးသေ၊ (၈)ဦးထက်မနည်းဒဏ်ရာရ 

စစ်ကောင်စီက ပဆျာႏကလိုႏကျေးရွာကို လေယာဉ်ဖြင့်ဗုံးကြဲ အရပ်သား နှစ်ဦးသေ၊ (၈)ဦးထက်မနည်းဒဏ်ရာရ 
ဖေဖော်ဝါရီ 14, 2024 | 2021 Military Coup| ရှမ်းတောင်

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် ပဆျာႏကလိုႏကျေးရွာကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ (၁၄)ရက်နေ့ နံနက်ပိုင်းတွင် လေယာဉ်ဖြင့် ဗုံး(၅)ကြိမ်လာကြဲရာ အရပ်သား(၂)ဦးသေဆုံးပြီး (၈)ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ 

ပဆျာႏကလိုႏကျေးရွာတွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)မှ တပ်စွဲထားခြင်း မရှိသည့်အပြင် တိုက်ပွဲဖြစ်ပွားခြင်းလည်းမရှိဘဲ စစ်ကောင်စီတပ်က လာရောက်ဗုံးကြဲခြင်းဖြစ်ကာ အရပ်သားနေအိမ်များပျက်စီးခဲ့ပြီး အိုးအိမ်စည်းစိမ်များလည်း အများအပြား ပျက်စီးခဲ့ရသည်ဟု သိရသည်။

ပဆျာႏကလိုႏကျေးရွာသည် ဆီဆိုင်မြို့နှင့် မိုင်(၄၀)ကျော်ကွာဝေးပြီး ဆီဆိုင်မြို့နယ်နှင့် ဟိုပုံးမြို့နယ် နယ်စပ်တွင် တည်ရှိသည့် ရွာဖြစ်သည်။

#TachileikNewsAgency

Photo:PNLA News & Information Department