ဆိပ်ဖြူမြို့နယ် ကစွန်းမရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်များစီးနင်း

ဆိပ်ဖြူမြို့နယ် ကစွန်းမရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်များစီးနင်း

မကွေးတိုင်း ဆိပ်ဖြူမြို့နယ် ကစွန်းမရဲစခန်းအား ယမန်နေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၄)ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်များက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း မင်းဘူးခရိုင် အမှတ်(၅)တပ်ရင်းထံမှ သိရသည်။

အဆိုပါရဲစခန်းကို ယင်းနေ့ နံနက်(၆)နာရီဝန်းကျင်တွင် ပခုက္ကူခရိုင် အမှတ်(၄၊ ၁၁၊ ၁၉)တပ်ရင်းများ၊ မင်းဘူးခရိုင် အမှတ်(၁၊ ၂၊ ၄၊ ၅၊ ၆၊ ၇)တပ်ရင်းများ၊ Myanmar Defence Force(MDF)၊ ချောက် PDF သခင်ဖိုးလှကြီး တပ်ခွဲတို့ ပူးပေါင်းကာ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

 

ကစွန်းမရဲစခန်းတွင် ရဲနှင့် စစ်ကောင်စီတပ်သား အင်အား(၂၅)ဦးဝန်းကျင်ရှိရာ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား (၅)ဦးနှင့် ရဲ (၂)ဦး သေဆုံးပြီး ဒဏ်ရာရသူများကြောင်း မင်းဘူးခရိုင် အမှတ်(၅)တပ်ရင်းက သတင်းထုတ်ပြန်ထားသည်။

ပြည်သူ့ကာကွယ်ရေးတပ်များသည် ရဲစခန်းအတွင်းအထိ ဝင်ရောက်စီးနင်းနိုင်ခဲ့ပြီး နယ်ထိန်းအိမ်အား မီးရှို့ဖျက်စီးခဲ့ကာ စစ်ကောင်စီတပ်ဘက်က စစ်ကူများ ရောက်လာသဖြင့် ပြန်လည်ဆုတ်ခွာခဲ့ကြောင်း သိရသည်။

#TachileikNewsAgency