မောင်တောမြို့ရှိ တမန်းသားရဲကင်းစခန်းမှ စစ်ကောင်စီတပ်သား ၁၀၀ ကျော် လက်နက်ချ

မောင်တောမြို့ရှိ တမန်းသားရဲကင်းစခန်းမှ စစ်ကောင်စီတပ်သား ၁၀၀ ကျော် လက်နက်ချ

ရခိုင်ပြည်နယ် မောင်တောမြို့ရှိ တမန်းသားရဲကင်းစခန်းအား ရက္ခိုင့်တပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် ၂၀၂၄ ခုနှစ်၊ မတ်လ (၂၅)ရက်နေ့တွင် စစ်ကောင်စီတပ်သား အင်အား (၁၀၀)ခန့် လက်နက်ချအညံ့ခံခဲ့ကြောင်း ရက္ခိုင့်တပ်တော်က ယနေ့ ၂၀၂၄ခုနှစ် မတ်လ (၂၇)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ 

ရက္ခိုင့်တပ်တော်၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကို အလူးအလဲခံခဲ့ရပြီးနောက်တွင် ရက္ခိုင့်တပ်တော်ထံ လက်နက်ချခဲ့ခြင်းဖြစ်ပြီး စစ်အသုံးအဆောင်၊ လက်နက်ခဲယမ်း အမြောက်အမြားကို သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

မောင်တောမြို့နယ်၊ တမန်းသားရဲကင်းစခန်းမှ ရက္ခိုင့်တပ်တော်ထံ လက်နက်ချအညံ့ခံခဲ့သော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ရက္ခိုင့်တပ်တော်မှ နိုင်ငံတကာစစ်သုံ့ပန်းဥပဒေနှင့်အညီ ကောင်းမွန်စွာ ထိန်းသိမ်းထားသည်ဟုလည်း သိရသည်။

ရက္ခိုင့်တပ်တော်သည် စစ်ကောင်စီတပ်စခန်းပေါင်းများစွာကို ဝိုင်းရံပိတ်ဆို့ဖြတ်တောက်ထားသည်မှာ လပေါင်းမျာစွာကြာပြီဖြစ်ပြီး ယင်းအထဲမှ တမန်းသားရဲကင်းစခန်းသည် လက်နက်ချလာခြင်းဖြစ်သည်။ 

တစ်ပြိုင်နက်တည်းတွင် စစ်ကောင်စီ၏ အခြားသောစခန်းများကိုလည်း ရက္ခိုင့်တပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု သိရသည်။

#TachileikNewsAgency

Photo: AA Info Desk