RCSS/SSA က ကျောက်မဲခရိုင်အတွင်း ကျေးရွာအချို့တွင် COVID 19 ကာကွယ်ရေး ပညာပေး

RCSS/SSA က ကျောက်မဲခရိုင်အတွင်း ကျေးရွာအချို့တွင် COVID 19 ကာကွယ်ရေး ပညာပေး
ဧပြီ 26, 2020
By Tachileik News Agency
RCSS/SSA က ကျောက်မဲခရိုင်အတွင်း ကျေးရွာအချို့တွင် COVID 19 ကာကွယ်ရေး ပညာပေး 

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင်အတွင်းမှာ RCSS/SSA က COVID 19 ကာကွယ်ရေး အသိပညာပေးတာတွေ လုပ်ဆောင်နေတာဟာ ကိုယ့်အသိစိတ်နဲ့ကိုယ် လုပ်ဆောင်ပေးနေတာဖြစ်ပြီး အစိုးရအဖွဲ့ မရောက်နိုင်တဲ့ ဒေသတွေမှာ လုပ်ဆောင်ပေးနေတယ်လို့  RCSS/ SSA ရဲ့ ကျောက်မဲဆက်ဆံရေးရုံး တာဝန်ခံ ဖြစ်သူ နန်းမိုးမိုးစောက ပြောကြားလိုက်ပါတယ်။၊

RCSS/SSA မှာ COVID 19 စစ်ဆေးတဲ့စက်မရှိပေမဲ့ ကျေးရွာတွေမှာ ကျန်းမာရေးအသိပညာပေး သွားရောက်လုပ်ဆောင်ပေးနေပြီး ကျေးရွာလူထုအတွက် အလှူရှင်များပံ့ပိုးတဲ့ စားနပ်ရိက္ခာ ပြန်လည်မျှဝေပေးတာကိုပါ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

RCSS/SSA က ၂၀၂၀ ခုနှစ် ဧပြီလ (၂၆)ရက်နေ့မှာ ကျောက်မဲမြို့နယ်အတွင်းထဲက ဇီးပင်ကြီးရွာကို COVID 19 ကာကွယ်ရေး လုပ်ဆောင်ပေးတာဖြစ်ပြီး ကျောက်မဲခရိုင်အတွင်းထဲက ထိန်းချုပ်ထားတဲ့ကျေးရွာတွေမှာ ဆက်လက်လုပ်ဆောင်ပေးသွားမယ်လို့ သိရပါတယ်။

Tachileik News Agency
တင်ဆက် - ကိုဇောင်း
သတင်းရိုက်ကူး - နေဖြိုးမြင့်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~