စစ်အာဏာရှင်ဟောင်း ပြဌာန်းခဲ့သည့် ၂၀၁၀ ပြည်သူ့စစ်မှုထမ်းဥပဒေ ကို အာဏာသိမ်းစစ်ခေါင်းဆောင် အသက်သွင်း

စစ်အာဏာရှင်ဟောင်း ပြဌာန်းခဲ့သည့် ၂၀၁၀ ပြည်သူ့စစ်မှုထမ်းဥပဒေ ကို အာဏာသိမ်းစစ်ခေါင်းဆောင် အသက်သွင်း
ဖေဖော်ဝါရီ 10, 2024 | 2021 Military Coup| အခြားဒေသများ

စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ပြဌာန်းခဲ့သည့် ၂၀၁၀ ပြည်သူ့စစ်မှုထမ်းဥပဒေ ကို  အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကလက်တွေ့အသုံးချရန်အတွက် ယနေ့ ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ(၁၀)ရက်နေ့တွင် အဆိုပါ ဥပဒေကို အာဏာတည်သည့် နေ့ရက်အဖြစ် သတ်မှတ်ကာ ကြေညာလာသည်။

 ၂၀၁၀ ပြည်သူ့စစ်မှုထမ်းဥပဒေကို အခန်း(၉)ခန်း ဖြင့် ပြဌာန်းထားပြီး ပြည်သူ့စစ်မှုထမ်းရမည့် ကာလ၊ အသက်အရွယ်သတ်မှတ်ချက် နှင့် ပြစ်မှုနှင့်ပြစ်ဒဏ်များ စသည့် ပြဌာန်းချက်များကို ယခုဖော်ပြပါ အကြောင်းအရာများတွင် သေချာလေ့လာနိုင်မည်ဖြစ်ပါသည်။

ပြည်သူ့စစ်မှုထမ်းရမည့် အသက်အရွယ်များအနေဖြင့် အမျိုးသားဖြစ်လျှင် အသက် (၁၈) နှစ် ပြည့်ပြီး၍ အသက် (၃၅) နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကို လည်းကောင်း၊ အမျိုးသမီးဖြစ်လျှင် အသက် (၁၈)နှစ် ပြည့်ပြီး၍ အသက် (၂၇) နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကို လည်းကောင်း၊ ကျွမ်းကျင်သူ အမျိုးသားဖြစ်လျှင် အသက် (၁၈) နှစ် ပြည့်ပြီး၍ အသက် (၄၅) နှစ် မပြည့်သေးသော နိုင်ငံသားကို လည်းကောင်း၊ ကျွမ်းကျင်သူ အမျိုးသမီးဖြစ်လျှင် အသက် (၁၈)နှစ် ပြည့်ပြီး၍ အသက် (၃၅)နှစ် မပြည့်သေးသော နိုင်ငံသားကိုလည်းကောင်း အသီးသီး သတ်မှတ်ထားသည်ကို တွေ့ရသည်။

ပြည်သူ့စစ်မှုထမ်းရမည့် သူများအနေဖြင့် အနည်းဆုံး (၂)နှစ်ကနေ (၅)နှစ်အထိ ထမ်းဆောင်ရမည်ဖြစ်ပြီး မလိုက်နာသူများကို ထောင်ဒဏ် (၅)နှစ်အထိ ချမှတ်နိုင်ကြောင်းလည်း ပြဌာန်းထားသည်။



PDF file ယူရန် -  ၂၀၁၀ ပြည်သူ့စစ်မှုထမ်းဥပဒေ