ဝက်လက် ရွှေဘို မြို့နယ်အတွင်း စစ်ကြောင်းထိုးကာ မီးရှို့ ဖျက်ဆီးနေသည့် အာဏာသိမ်း စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်

ဝက်လက် ရွှေဘို မြို့နယ်အတွင်း စစ်ကြောင်းထိုးကာ မီးရှို့ ဖျက်ဆီးနေသည့် အာဏာသိမ်း စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်နှင့် ရွှေဘိုမြို့နယ်တို့ကို စစ်ကြောင်းထိုး၍ မီးရှို့ဖျက်ဆီးနေသည့် အာဏာသိမ်း စစ်ကောင်စီတပ်နှင့် ပျုစောထီးများကို ဒေသကာကွယ်ရေးတပ်က (၂)ရက်ကြာ တိုက်ခိုက်ခဲ့ကြောင်း သပြေညို-ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။

အင်အား(၈၀)ဝန်းကျင်ပါသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးများကို ၂၀၂၃ခုနှစ်၊ ဧပြီလ (၃)ရက်နေ့က ဝက်လက်မြို့နယ်၊ ရင်းတောကျေးရွာအတွင်း ဝင်ရောက်နေစဥ် Droneဖြင့် ဗုံးသီး (၈)လုံးချကာ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဧပြီလ (၄)ရက်နေ့တွင်လည်း ရွှေဘိုမြို့မှ ပလိုင်းရွာသို့ ထောက်ပို့လာသော စစ်ကောင်စီတပ်နှင့် ပျူစောထီးများကို ချီပါရွာနှင့် မဲတောရွာကြားတွင် Drone ဖြင့် ဗုံးသီး ( ၂ )လုံးချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးသူရှိပြီး တိုက်ခိုက်မှုကို သပြေညို-ပြည်သူ့ကာကွယ်ရေးအဖွဲ့(LPDF)၊ SBDF-B4/C3(SNAKE EYES PDF)၊ C&T(SHWEBO)၊ God Of Satans-GOS နှင့် တိုက်နယ်(၂) ပြည်သူ့ကာကွယ်ရေးရဲဘော်များမှ ပူးပေါင်း တိုက်ခိုက်ခြင်း ဖြစ်ကြောင်း သိရသည်။