ဖလမ်းမြို့နယ်ရှိ စစ်ကောင်စီတပ်၏ သီးဘွာလ်စစ်စခန်းကို တော်လှန်ရေးတပ်များသိမ်းပိုက်

ဖလမ်းမြို့နယ်ရှိ စစ်ကောင်စီတပ်၏ သီးဘွာလ်စစ်စခန်းကို တော်လှန်ရေးတပ်များသိမ်းပိုက်
နိုဝင်ဘာ 15, 2023 | 2021 Military Coup| အခြားဒေသများ

ချင်းပြည်နယ် ဖလမ်းမြို့နယ်ရှိ စစ်ကောင်စီတပ်၏ သီးဘွာလ်စစ်စခန်းကို ချင်းအမျိုးသားတော်လှန်ရေးတပ်များက ယနေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၁၅)ရက်နေ့ နံနက်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း သိရသည်။

၎င်းတပ်စခန်းကို ယမန်နေ့ ညပိုင်းမှစတင်ကာ ချင်းအမျိုးသားတော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သားများ ထွက်ပြေးသွားသဖြင့် စခန်းအား သိမ်းပိုက်နိုင်ခဲ့ကာ မီးရှို့ဖျက်စီးပြီး လက်နက်ခဲယမ်းများအား သိမ်းဆည်းနိုင်ခဲ့သည်ဟု သိရသည်။

အသေးစိတ်အချက်အလက်ကို သက်ဆိုင်ရာတော်လှန်ရေးအဖွဲ့အစည်းများက ထုတ်ပြန်ခြင်းမရှိသေးပါ။ ပြီးခဲ့သည့် ဧပြီလ (၁၀)ရက်နေ့ကလည်း ဖလမ်းမြို့နှင့် ကလေးလမ်းမပေါ်ရှိ ဗါရ်းစစ်စခန်းကိုလည်း CNDFက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။

ကလေးမြို့နယ်တောင်ပိုင်း မြောက်စည်းတပ်စခန်းနှင့် တမူးခရိုင် ခမ်းပါတ်စစ်စခန်းကိုလည်း ချင်းအမျိုးသား တော်လှန်ရေးတပ်များ ပါဝင်သိမ်းပိုက်ခဲ့ပြီး နိုဝင်ဘာလ(၁၃)ရက်နေ့တွင်လည်း CNAနှင့် CDF-Hualngo တပ်တို့ပူးပေါင်းကာ ရိဒ်ခေါဒါရ်တပ်စခန်းနှင့် တီအိုချောင်းရှိ တပ်စခန်း (၂)ခုကို သိမ်းပိုက်နိုင်ခဲ့သည်။

#TachileikNewsAgency